လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ စုစုပေါင်းဒေါ်လာသန်း ၆၀၀၀ ဝင်ရောက်ရန် လျာထားပြီး ဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံပေါင်း ၁၆ နိုင်ငံက ဒေါ်လာသန်း ၃၀၀၀ နီးပါး ဝင်ရောက်မြှုပ်နှံထား

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ စုစုပေါင်းဒေါ်လာသန်း ၆၀၀၀ ဝင်ရောက်ရန် လျာထားပြီး ဘဏ္ဍာနှစ် လေးလအတွင်း နိုင်ငံပေါင်း ၁၆ နိုင်ငံက ဒေါ်လာသန်း ၃၀၀၀ နီးပါး ဝင်ရောက်မြှုပ်နှံထား
Published 24 August 2015

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ စုစုပေါင်းဒေါ်လာသန်း ၆၀၀၀ ဝင်ရောက်ရန်လျာထားပြီး ဘဏ္ဍာ နှစ်လေးလအတွင်း ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံက ဒေါ်လာသန်း ၃၀၀၀ နီးပါး ဝင် ရောက် မြှုပ်နှံမှု ပြုလုပ်ထားကြောင်း ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ လေးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၆၄၉ ဒသမ ၁၄၃ သန်းဝင်ရောက်နေပြီး လုပ်ငန်းပေါင်း ၆၄ ခုတွင် ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဝင်ရောက်မြှုပ်နှံမှုပြုသည့် နိုင်ငံများမှာ သြစတျေးလျ၊ ဘင်္ဂလားဒေရှ့်၊ ကနေဒါ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ဆွစ်ဇာလန်နှင့် ထိုင်း စသည့်နိုင်ငံတို့မှ မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍနှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့တွင် မြှုပ်နှံမှုပြုလုပ်ထားကြခြင်း ဖြစ်ကြောင်း သိရသည်။
ပမာဏအားဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ဒေါ်လာ ၂၀၄၉ သန်းကျော် ဖြင့် အများဆုံး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားခြင်းဖြစ်ပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၃၈၃ သန်းကျော်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ သန်း ၁၂၀ ကျော်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ဒေါ်လာ သန်း ၅၀ ကျော်နှင့် အခြားဝန် ဆောင်မှုကဏ္ဍတွင် ဒေါ်လာ ၄၆  သန်းကျော် အသီးသီး ဝင်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း သိရသည်။
ပြည်ပနိုင်ငံများအား မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စွမ်းအင်လုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေနှင့် Industrial Estate ကဏ္ဍတို့တွင် ရာနှုန်းပြည့်နိုင်ငံခြား မြှုပ်နှံမှုအရဖြစ်စေ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်း၍ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအရဖြစ်စေ ဝင်ရောက်လုပ်ကိုင်ခွင့် ပြုထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ဒေါ်လာ သန်း ၄၀၀၀ ဝင်ရောက်ရန် လျာထားပြီး အမှန်ခွင့်ပြုပမာဏမှာ ဒေါ်လာ ၈၀၁၀ သန်း ကျော်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

Most Read

Most Recent