တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နေရာ သတ်မှတ်ထားရာ ဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၁၂၀ နီးပါး ရှိနေ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နေရာ သတ်မှတ်ထားရာ ဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသည့် ကိုယ်စားလှယ်လောင်း ၁၂၀ နီးပါး ရှိနေ
Published 10 August 2015

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရန် အမည်စာရင်း တင်သွင်းသူ အရေအတွက်မှာ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၉ ရက်ထိ စုစုပေါင်း ၁၁၉ ဦး ရှိနေပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။လာမည့် ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နေရာ သတ်မှတ်ထားသည်။ကချင်ပြည်နယ်တွင် ဗမာ၊ ရှမ်း၊ လီဆူး၊ ရဝမ် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ရှစ်ဦးရှိရာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ရှမ်းနီ (တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတို့မှဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ပါဝင်သည်။ကယားပြည်နယ်တွင် ဗမာတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ခြောက်ဦးရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကယားလူမျိုးစု ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့မှဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ပါဝင်သည်။ကရင်ပြည်နယ်တွင် ဗမာ၊ မွန်၊ ပအိုဝ်း တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ၂၃ ဦးရှိရာ စည်းလုံးညီညွတ်သော ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီတို့မှဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ပါဝင်သည်ကို တွေ့ရသည်။စစ်ကိုင်းတိုင်းတွင် ရှမ်းနှင့် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ခြောက်ဦးရှိရာ ရှမ်းနီ(တိုင်းလိုင်)နှင့် မြောက်ပိုင်းရှမ်းမျိုးနွယ်စုများ သွေးစည်းညီညွတ်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်လောင်းများဖြစ်သည်။တနင်္သာရီတိုင်းတွင် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ သုံးဦးရှိပြီး ကရင်ပြည်သူ့ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။ပဲခူးတိုင်းတွင် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ ငါးဦးရှိပြီး ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။မကွေးတိုင်းတွင် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ လေးဦးရှိပြီး အရှို ချင်းအမျိုးသားပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။မန္တလေးတိုင်းတွင် ရှမ်းနှင့် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ခြောက်ဦးရှိရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။မွန်ပြည်နယ်တွင် ဗမာ၊ ပအိုဝ်း၊ ကရင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ၁၁ ဦးရှိရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗမာပြည်သူ့ပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကရင်ပြည်သူ့ပါတီတို့မှ ကိုယ်စားလှယ်လောင်းများဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦးလည်း ပါဝင်သည်။ရခိုင်ပြည်နယ်တွင် ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းထားသူ သုံးဦးရှိပြီး အရှိုချင်းအမျိုးသားပါတီ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်။ရန်ကုန်တိုင်းတွင် ကရင်နှင့် ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ခြောက်ဦးရှိရာ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဖြစ်ကြသည်ကို တွေ့ရသည်။ရှမ်းပြည်နယ်တွင် ဗမာ၊ ကချင်၊ လီဆူ၊ လားဟူ၊ အာခါ၊ အင်းသား၊ ကယန်း(ခ)ပဒေါင် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ၂၈ ဦးရှိရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ဖြစ်ကြပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများလည်း ပါဝင်ကြောင်း သိရသည်။ဧရာဝတီတိုင်းတွင် ကရင်၊ ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များတွင် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းထားသူ ၁၀ ဦးရှိရာ ကရင်ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့မှဖြစ်ကြပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး ပါဝင်ကြောင်း သိရသည်။