လာမည့်ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ လိုလားချက်များအတွက် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးဝင်းမျိုးသူ၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း) မှ ဦးမြအေး၊ တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအ ဖွဲ့ (SD အဖွဲ့ဝင် ဦးခွန်မြင့်ထွန်း၊ SD အဖွဲ့ခေါင်းဆောင် ပဒိုနော်စီဖိုးရာစိန်၏ အထောက်အကူပြု အဖွဲ့မှ ဆရာမနော်မေဦးတို့ ပါဝင်သည့် ဆွေးနွေးပွဲကို သြဂုတ် ၉ ရက်က ရန်ကုန်မြို့ တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့သည်။
“ရွေးကောက်ပွဲက ပြည်သူလိုလားချက်တွေကို တကယ်ဖြည့်စွမ်း နိုင်ပါ့မလား” ဟူသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ဦးစီးကျင်းပခြင်းဖြစ်ပြီး အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေး အခြေအနေ၊ လာမည့် ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်တွင် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများနှင့် ရွေးကောက်ပွဲသည် ပြည်သူလိုလားသည့် အခြေအနေ ဖြစ်လာရန်တို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံရေး မပြေလည်မှုများ နိုင်ငံရေးစနစ်ဆိုးများကြောင့် နှစ်ပေါင်းများစွာ ပြည်တွင်းစစ် ဖြစ်ခဲ့ရကြောင်း၊ ပြည်တွင်းစစ် ဆက်လက်ဖြစ်နေဦးမည် ဆိုပါက ယင်းသည် ရွေးကောက်ပွဲအတွက် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်သည်ဟု နော်မေဦးက ဆိုသည်။
“အခု ဒီနောက်ပိုင်းမှာ ဘယ်လိုစိန်ခေါ် မှုတွေရှိလာမလဲဆိုရင် ပြည်တွင်းစစ်ကြီး ဆက်ဖြစ်နေဦးမယ်ဆိုလို့ရှိရင် ဆက်ဖြစ်နေမယ့် အလားအလာကလည်း အခုဆွေးနွေးပွဲတွေ ဖြစ်စဉ်ကို ကြည့်ရင်မြင်ရတယ်။ ဆက်ဖြစ်နေမယ်ဆိုရင် တစ်နိုင်ငံလုံးအတွက် ကျွန်မတို့ ဘာတွေ ဘယ်လိုပဲပြောပြော အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ်လို့ ကျွန်မ အဲဒီလို မြင်တယ်” ဟု ပြောကြားသည်။
ရွေးကောက်ပွဲပြီးတဲ့အချိန် ကြုံတွေ့ရမည့် စိန်ခေါ်မှုမှာ အရပ်ဘက်နှင့် စစ်ဘက်ဆက်ဆံရေးက အရေးကြီးဆုံးဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရအဖွဲ့ ရပ်တည်ရေး အတွက်ပါ စိန်ခေါ်မည့်အချက် ဖြစ်သည်ဟု မြင်ကြောင်း ဦးဝင်းမျိုးသူက ပြောကြားသည်။
“ကျွန်တော်မြင်တာက ၂၀၁၅ ပြီးတဲ့ အချိန်မှာ နိုင်ငံရဲ့ ညွန့်ပေါင်းအစိုးရပဲ တက်မယ်လို့မြင်တယ်။ ညွန့်ပေါင်းအစိုးရ တက်လာတဲ့အခါမှာ အချို့ကိစ္စရပ်တွေ ဥပမာ ပညာရေး၊ ကျန်းမာရေးကိစ္စရပ်တွေမှာ တွဲလုပ်နိုင်မယ်။ သို့သော်လည်း စီးပွားရေးတို့ စစ်ရေးတို့ အစရှိတဲ့ လုံခြုံရေးအပိုင်းတွေမှာ လုံးဝကွဲ လိမ့်မယ်လို့မြင်တယ်။ အဲဒီတော့ ဒီရွေး ကောက်ပွဲပြီးသွားလို့ အာဏာလွှဲမလား မလွှဲ မလားဆိုတာ သံသယရှိတယ်။ ပြီးပြီးချင်းရော သူတို့လိုချင်တဲ့ ရလဒ်မရရင် အာဏာသိမ်းမလား ကျွန်တော်တို့စိုးရိမ်တယ်။ သို့သော်လည်း မလုပ်ကောင်းဘူးလို့ ကျွန်တော်တို့တွက်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါပွဲသို့ တက်ရောက်အမှာစကား ပြောကြားခဲ့သည့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ဦးမင်းကိုနိုင်က သာမန်ပြည်သူများ အနေဖြင့် စားဝတ်နေရေး ပြေလည်မှု၊ စီးပွားရေး ကောင်းမွန်မှုတို့ကို လိုလားနေကြောင်း၊ နိုင်ငံရေးကို ထဲထဲဝင်ဝင် ဆောင်ရွက်နေသူများအနေဖြင့် ပြဿနာအားလုံး၏ ရင်းမြစ်မှာ အခွင့်ထူးခံမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ ပါဝင်နေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြောင့် တိုင်းပြည် နစ်နာနေရသည် ကိုသိကြောင်း၊ တိုင်းရင်းသားများလိုလားနေ သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်လိုကြောင်း ပြောကြားသည်။
ဦးခွန်မြင့်ထွန်းကလည်း “၁၉၉၃ ခုနှစ် အမျိုးသားညီလာခံကို သုံးနှစ်တာ တက်ခဲ့တယ်။ ကျွန်တော်တို့စိတ်ထဲမှာ ညီလာခံတက်ရင်းနဲ့ ဘာခံစားလာရလဲဆိုတော့ မြန်မာပြည်နိုင်ငံရေးရဲ့ လက်ရှိပြဿနာတွေထဲကနေ ကျွန်တော်တို့ကို ဆွဲထုတ်လိုက်ပြီးတော့ ကျွန်တော်တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခု အကြောင်းကို ပြောထားခိုင်းတယ်။ အမျိုးမျိုးသောပုံစံနဲ့ သုံးနှစ်ကြာတယ်။ နောက် ၁၄ နှစ် ကြာတယ်။ ညီလာခံက ရပ်သွားတယ်။ ဆိုတော့ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲကြီးသည် မျက်မှောက်နိုင်ငံရေးများနဲ့ မျက်ခြည်ပြတ် မခံရသော နိုင်ငံရေး ဆွေးနွေးပွဲကြီးဖြစ်ဖို့ လိုတာပေါ့” ဟု ပြောကြားသည်။
လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများ၏ လိုလားချက်များအတွက် ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များပါဝင်သည့် ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်