ကမ္ဘာကြီးနှင့် စိန်ခေါ်မှုများ

ကမ္ဘာကြီးနှင့် စိန်ခေါ်မှုများ
Published 7 August 2015
ဒေါက်တာခင်မောင်ညို.

အဏုမြူဗုံး
 
သြဂုတ်လရောက်ရင် အဏုမြူဗုံးကိစ္စကို သတိရတယ်။ ဒုတိယကမ္ဘာစစ် နောက်ဆုံးနေ့တွေဖြစ်တဲ့ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်မှာ ဟီရိုရှီးမားပေါ်မှာ အဏုမြူဗုံးတစ်လုံး ကြဲချတယ်။နောက် ၃ ရက်အကြာ သြဂုတ်လ ၉ ရက်မှာ နဂါစကီမြို့ပေါ်မှာ နောက်ထပ် အဏုမြူဗုံးတစ်လုံး ကြဲချတယ်။ ဗုံးတစ်လုံးစီဟာ ယမ်းဖောက်ခွဲအား TNT တန် ၂ သိန်းလောက်နဲ့ တူညီတယ်။
 
ဟီရိုရှီးမားမှာ little boy လို့ခေါ်တဲ့ ဗုံးကြောင့် လူခြောက်သောင်းကျော် သေပြီး နဂါစကီမှာ ကြဲချတဲ့  Fat man ဗုံးကြောင့် လူလေးသောင်းကျော် သေတယ်လို့ ဆိုတယ်။
 
တကယ်တော့ အဲဒါတွေက ချက်ချင်း သေတဲ့ လူတွေပါပဲ။ နောက်ထပ်သေတဲ့သူတွေကို ရေတွက်ရင် နှစ်ဆ သုံးဆရှိမယ်လို့ ဆိုတယ်။ ဆိုလိုတာက စုစုပေါင်း လူသုံးသိန်းကနေ လေးသိန်းအထိ ပျက်စီးပါတယ်။
 
ဒီထက်ပြင်းထန်တဲ့ ဗုံးတွေ ထွက်ပေါ်လာပေမယ့် ဒီဗုံးဟာ လူတွေအပေါ်ချတဲ့ဗုံး တွေထဲမှာ အပြင်းထန်ဆုံးနဲ့ အသေအပျောက် အများဆုံးပါပဲ။
 
လက်နက်တွေ
 
ယနေ့ သိပ္ပံပညာတိုးတက်လာသည်နှင့် အမျှ လက်နက်တွေလည်း တိုးတက်လာတယ်။ ဒုတိယကမ္ဘာစစ်မှာသုံးတဲ့ လက်နက်တွေဟာ ယနေ့မှာ အတော်လေးကို ခေတ်နောက်ကျ နေပါပြီ။ အဏုမြူဗုံးဆိုရင် နောင်တွင် ထွက်ပေါ်လာသော ဟိုက်ဒရိုဂျင်ဗုံးနဲ့စာရင် အသေးအမွှားပင် ဖြစ်နေတယ်။
 
အမှန်တော့ လက်နက်ဆိုရင် ဆန့်ကျင်တတ်တဲ့ သိပ္ပံပညာရှင်ကြီး အယ်လ်ဘတ်အိုင်းစတိုင်းဟာ အဏုမြူဗုံးလုပ်ဖို့ အမေရိကန် သမ္မတကြီး ရုစဗဲ့ထံ စာရေးခဲ့တယ်။
 
သူက ဂျာမနီနိုင်ငံက ဖက်ဆစ်အာဏာရှင် ဟစ်တလာက ဒီလိုနည်းကို ရသွားနိုင်တဲ့ အလားအလာတွေကို တင်ပြခဲ့တယ်။ အဲဒီစာရေးတာက ၁၉၃၉ ခုနှစ်မှာပါပဲ။ ဒါပေမဲ့ ၁၉၄၂ နှစ်မှ မက်ဟမ်တန် ပရောဂျက်ဆိုပြီး စတင် သုတေသနလုပ်ခဲ့တာ ဖြစ်တယ်။ ဒါကို အမေရိကန် ရူပဗေဒပညာရှင် အိုပင်ဟိုင်းမား က  ဦးဆောင်ကာ ပထမဦးဆုံးအဏုမြူဗုံးကို ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီဗုံးကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်မှာ နယူးမက္ကဆီကိုက သဲကန္တာရမှာ ဖောက်ခွဲစမ်းသပ်နိုင်ခဲ့ပါတယ်။
 
နောက်ပိုင်းမှာ မှိုပွင့်လိုကားကားကြီးနဲ့ အဲဒီဗုံးကို ဖောက်ခွဲလိုက်တဲ့ တိမ်လုံးကြီးပုံကို တစ်ကမ္ဘာလုံးက ကြည့်ကြရတယ်။ ဒီ ၁၉၄၅ ခုနှစ် ဇူလိုင်လကို အဏုမြူခေတ်ထဲ ရောက်လာတဲ့အချိန်လို့  ခေါ်နိုင်ပါတယ်။
 
အငြင်းပွားစရာ
 
 တကယ်တော့ ဒုတိယကမ္ဘာစစ်ဟာ ၁၉၄၅ ခုနှစ် မေလ ၈ ရက်မှာ ပြီးသင့်ပါတယ်။ ဒီနေ့ ဒီရက်မှာ  စစ်ကြီးကို ဖန်တီးတဲ့ ဂျာမနီဟာ ခြွင်းချက်မရှိလက်နက်ချကြောင်း ကြေညာခဲ့တယ်။ သူဟာ မဟာမိတ်တပ်တွေနဲ့ လက်မှတ်ထိုးပြီး စစ်ကို အဆုံးသတ်ခဲ့တယ်။
 
တကယ်တော့ ဂျပန်က စစ်ရှုံးနေပါပြီ။ ဒါပေမဲ့ လက်နက်မချဘူး။ သူရဲ့ လေယာဉ်တွေနဲ့ အမေရိကန်စစ်သင်္ဘောတွေရဲ့ခေါင်းတိုင် ထဲကို ထိုးချကာ အသေခံတယ်။ အမေရိကန်တွေ ပျက်စီးဆုံးရှုံးမှု အလွန်များတယ်။ ဂျပန်စစ်သားတွေဟာလည်း အဖမ်းမခံဘူး။ သူတို့ကို ဖမ်းမိရင် လက်ပစ်ဗုံးစနက်တန်ကို ဖြုတ်ကာ အသေခံဗုံးခွဲမှုတွေ ပြုလုပ်တယ်။သူတို့ဟာ အရှုံးဆိုတဲ့ စကားကို လက်မခံသူတွေဖြစ်တယ်။ အမေရိကန်က တို့ဆီမှာ အင်မတန် ပြင်းထန်တဲ့ဗုံးတွေရှိတယ်ဆိုပြီး ရာဇသံပေးတယ်။ မရဘူး။ ဒါကြောင့် နောက်ဆုံးမှာ ဂျပန်နိုင်ငံပေါ်ကို အဏုမြူဗုံးနှစ်လုံး ကြဲချခဲ့ရတယ်။ ဒါဟာ အမေရိကန်တို့ရဲ့ ရက်စက်မှုကို ဖုံးကွယ်တဲ့ဆင်ခြေပဲလို့လည်း အချို့က ဆိုတယ်။ ဒီသြဂုတ်လဟာတော့ ဆိုးရွားတဲ့ အဖြစ်ကို ကြုံခဲ့ရတယ်။ ကမ္ဘာမှာ လူသားတွေကို လူသားတွေက ရက်ရက်စက်စက် သတ်တဲ့ ဓလေ့ဟာ မလိုလားအပ်ပါဘူး။
 
ကမ္ဘာစစ်ကြီးအပြီးမှာ
 
ဒုတိယကမ္ဘာစစ်ကြီးမှာ ဆုံးရှုံးမှုတွေ အများကြီးပါပဲ။ လူပေါင်း သန်း ၇၀ ခန့် သေဆုံးတယ်။ ငွေကြေး ဘီလျံ  ၅၀၀ ခန့် ဆုံးရှုံးတယ်။ ဒီတော့ စစ်ကိုကြောက်ပြီး ငြိမ်းချမ်းသွားမယ် လို့ ထင်လား။
 
ပထမ ပြာပုံကနေ နိုးထလာတဲ့နိုင်ငံအများဟာ ပြန်လည်ထူထောင်ရေးကိုပဲ လုပ်ကြတယ်။ အာရှတိုက်မှာရှိတဲ့ မြန်မာပြည်လို နိုင်ငံတွေဟာလည်း လွတ်လပ်ရေး ရလာတယ်။ ဒါပေမဲ့ ဆင်းရဲမှုကိုအကြောင်းပြုကာ ကွန်မြူနစ်ဝါဒဟာ ပိုပြီးကျယ်ပြန့်လာတယ်။
 
ကွန်မြူနစ်ဝါဒဟာ ဆင်းရဲသားတွေဘက်က ရပ်တည်တယ်။ အရင်းရှင်တွေက ချမ်းသာသူတွေဘက်က ရပ်တည်တယ်ဆိုပြီး ဝါဒကြီးနှစ်ခုရဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာလေတော့တယ်။
 
ဒါကို တိတိပပ မြင်ရတာကတော့ ပထမဦးဆုံး ကိုးရီးယားတိုက်ပွဲပါပဲ။ ကိုးရီယားနိုင်ငံ မှာ မြောက်ဘက်အခြမ်းက ကွန်မြူနစ်တွေ ရှိတယ်။ တောင်ဘက်အခြမ်းက အရင်းရှင်တွေရှိကြတယ်။ ဒီအတွက် မြောက်ဘက်ကွန်မြူနစ် တွေက ကွန်မြူနစ်မဟုတ်သူ တောင်ပိုင်းသားတွေရဲ့ အရင်းရှင်ဝါဒကို တိုက်ခိုက်တယ်။
 
ကံအားလျော်စွာ အမေရိကန်က တောင်ပိုင်းကို အကူအညီပေးကာ တိုက်ပွဲတွေဝင်ပေးခဲ့တဲ့အတွက် စစ်ဟာ ရပ်တန့်ခဲ့တယ်။ နောက်ဆုံး တောင်နဲ့ မြောက်ကိုးရီးယားရယ်လို့ ကိုး ရီးယားနိုင်ငံကြီးဟာလည်း နှစ်ပိုင်းကွဲသွား လေတယ်။
 
တကယ်တော့ ကိုးရီးယားစစ်ပွဲဟာ ၂၀ ရာစုမှာအဆိုးဆုံးတိုက်ပွဲလို့ ပြောနိုင်တယ်။  ဒုတိယကမ္ဘာစစ်မှာ ဂျပန် ၂ ဒသမ ၂ သန်း သာ သေတယ်။ ကိုးရီးယားတွေကတော့ တောင်/မြောက်တိုက်ပွဲမှာ ကိုးရီးယား ( လေးသန်း) သေဆုံးရတယ်။ တရုတ်တစ်သန်း သေဆုံးပြီး အမေရိကန် လေးသောင်းလောက် သေတယ်။ ကိုးရီးယားရဲ့စီးပွားရေးနဲ့ လူမှုရေး လုံးဝပျက်စီးသွားတယ်။ အဲဒီနောက် ဝါဒရေးရာပြိုင်ပွဲတွေဖြစ်တာကတော့ ဗီယက်နမ် စစ်ပွဲမှာပါပဲ။
 
ဗီယက်နမ်စစ်ပွဲဟာ အတော်လေးရှည်ကြာတဲ့ တိုက်ပွဲပါပဲ။ ဒီစစ်ပွဲဟာ အတော်လေးဆိုးပါတယ်။ ဗီယက်နမ်တွေဟာ ပြင်သစ်ဆီက လွတ်လပ်ရေးကို တိုက်ယူရတယ်။ ဒါဟာ ၁၉၄၆  ကနေ ၁၉၅၄ အထိ ရှစ်နှစ်ကြာခဲ့တယ်။ ပြီးတော့ ၁၉၅၉ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အ ထိ ကမ္ဘာပေါ်မှာ  လက်နက်အင်အားအကြီးဆုံးဖြစ်တဲ့ အမေရိကန်နဲ့ တိုက်ခဲ့ရတယ်။ အမေရိကန်တွေဟာ ဗီယက်နမ်ကို အကူအညီပေးတယ်ဆိုပြီး ကမ္ဘောဒီယားကိုလည်း စစ်ဆင်ခဲ့ပါတယ်။ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားမှာသုံးတဲ့ ဗုံးပမာဏဟာ ဒုတိယကမ္ဘာစစ် တစ်ခုလုံးမှာ သုံးတာထက် များတယ်လို့ ဆိုတယ်။ မြောက်ပိုင်းကွန်မြူနစ်တွေနဲ့ တောင်ပိုင်း ကွန်မြူနစ်မဟုတ် သူတို့တိုက်ပွဲဟာ ဝါဒရေးရာတိုက်ပွဲပါပဲ။ အမေရိကန်တွေ ၁၉၇၅ ခုနှစ်မှာ ဆုတ်ခွာသွားပါတယ်။
 
ဒါပေမဲ့ အမေရိကန်စစ်သားတွေနဲ့ ရထားတဲ့ကလေးတွေနဲ့ စစ်အတွင်း မိဘတွေ သေဆုံးတဲ့အတွက် မိဘမဲ့ဖြစ်ရတဲ့  ကလေး စုစုပေါင်း ရှစ်သန်းကျော်ရှိခဲ့ပါတယ်။ အမေရိကန်နဲ့ ရထားတဲ့ကလေးတွေဟာ ကပြားရုပ်တွေ ထွက်နေလို့ ဗီယက်နမ်မှာ အနှိမ်ခံရပါတယ်။ 
ဒီအတွက် အချို့ကတော့ အမေရိကန် ပြည်ထောင်စု ရောက်သွားပါတယ်။ စစ်ရဲ့ဆုံး ရှုံးမှုကို ပြောရင်တော့ တစ်ပြည်လုံးလိုလို ပျက်စီးသွားတယ်လို့ ဆိုနိုင်တယ်။ အဆောက်အအုံတွေတင် မကဘူး။ သစ်တောတွေ လယ်ခင်းယာခင်းတွေပါ ပျက်စီးပါတယ်။ ယနေ့ သိသာထင်ရှားစွာ တိုးတက်လာတဲ့ ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်တဲ့ စိတ်ဓာတ်ကို တော့ ချီးကျူးရမှာပါပဲ။
 
နောက်ထပ်စစ်ပွဲတွေ
 
နောက်စစ်ပွဲအများစုကတော့ အမုန်း တွေကော ဘာသာရေးနဲ့ရော ရောယှက်တဲ့ ဝါဒရေးရာ တိုက်ပွဲတွေပါပဲ။
 
၂၁ ရာစုအဝင်မှာပါ အမေရိကန်က အ တိုက်အခိုက်ခံရတယ်။ တကယ်တော့ စစ်ပွဲ တွေမှာ အမေရိကန်နိုင်ငံသားတွေ ပါဝင်ကြ ပေမယ့် အမေရိကန်မြေမှာ ပြည်တွင်းစစ်နဲ့ အင်္ဂလိပ်တော်လှန်ရေးစစ်တို့ကလွဲလို့ စစ်မ ဖြစ်ဖူးပါဘူး။ ၂၀၀၁ ခုနှစ်မှာတော့ အမေရိ ကန်မြေမှာ အတိုက်အခိုက်ခံရတယ်။ အမေရိ ကန်တွေ အတော့်ကို တုန်လှုပ်သွားတယ်။ ဒါဟာ အမေရိကန်တွေ စော်ကားခံလိုက်ရ တယ်လို့ ယူဆတယ်။
 
ဖြစ်ပုံက အိုစမာဘင်လာဒင် ဦးဆောင် တဲ့ တာလီဘန်အဖွဲ့ကလူတွေဟာ ၂၀၀၁ ခု နှစ် စက်တင်ဘာ ၁၁ ရက်မှာ အမေရိကန် ပြည်ထောင်စုကို တိုက်ခိုက်ခဲ့တယ်။ အဲဒီမှာ အကြမ်းဖက်သမား ၁၉ ယောက်ပါဝင်တယ်။တစ်ဖွဲ့က လေယာဉ်တွေကို အပိုင်စီးပြီး ကုန် သွယ်ရေး စင်တာကို တိုက်ခိုက်ခဲ့တယ်။ ၁၁၀ ထပ်ရှိတဲ့ အဲဒီ မျှော်စင်နှစ်ခု  Twin Tower ဟာ လုံးဝပြိုကျ ပျက်စီးသွားတယ်။နောက် တစ်ဖွဲ့က အပိုင်းစီးထားတဲ့လေယာဉ်နဲ့ ပင် တာဂွန်စစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တယ်။ နောက်တစ်ဖွဲ့ကတော့ ပစ်မှတ်ကို မရောက် ဘူး။ သူတို့ လေယာဉ်ဟာ လမ်းမှာတင် ပေါက် ကွဲပျက်စီးသွားတယ်။
 
ဒီလိုဖြစ်တာကို သမ္မတ ဂျော့ဒဘလျူ ဘုချ်က တိုက်ပွဲခေါ်သံလို့ယူဆတယ်။ အာ ဖဂန်ကို စစ်ပြုတော့တာပါပဲ။ ဒီလိုနဲ့ ကမ္ဘာမှာ စစ်ပွဲတွေဆက်ပြီးပေါ်ခဲ့တယ်။ အီရတ်၊ ကူ ဝိတ်စစ်ကြောင့် အမေရိကန်က အီရတ်ကို တိုက်ခိုက်ခဲ့တယ်။ ဆီးရီးယား၊ လစ်ဗျား၊ ယီ မင်၊ တူရကီတို့မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒီတိုက်ပွဲတွေမှာ လက်နက်ကြီးတွေသုံးတယ်။
 
လက်နက်တွေနဲ့ကမ္ဘာ
 
တကယ်တော့ လူသားတွေဟာ တစ် ယောက်နဲ့တစ်ယောက် ရန်ပြုလာတာ ကမ္ဘာ ဦး အစကတည်းကပါပဲ။ အင်အားကြီးသူ တွေက အနိုင်ရတယ်။ နောက်ပိုင်းလက်နက် သာသူတွေက အနိုင်ရတယ်။
တစ်နိုင်ငံက နောက်တစ်နိုင်ငံကို ကျူးကျော်သိမ်းယူကျွန်ပြုတာမျိုးတွေဟာ အများ ကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့ အနိုင်ကျင့်တာမျိုးကို တော့ဘယ်သူမှမခံနိုင်ဘူး။ တော်လှန်မှုဆို တာတွေ ပေါ်ပေါက်လာတာပါပဲ။
လူတိုင်းကတော့ အုပ်ချုပ်ရေးကို ဝင်မ လုပ်ပေမယ့် တရားမျှတမှုကို မြတ်နိုးတယ်။ ဒါကြောင့် တရားမျှတတဲ့ အစိုးရတွေကို မျှော်လင့်ကြတယ်။ အင်္ဂလိပ်တွေ အုပ်စိုးစဉ် ကလည်း တရားမျှတမှုအတွက် အလေးထား ကြတယ်။ ပြည်သူတွေရဲ့အင်အားကို သတိ ထားကြရပါတယ်။
 
၂၀၁၅ ရွေးကောက်ပွဲ
 
၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်မှာကျင်းပတော့မယ်။ ကမ္ဘာကြီးဟာ စိန်ခေါ်နေတယ်။ မြန်မာပြည်မှာ ယနေ့ ရေတွေကြီးနေတယ်။ ဒါဟာ ပြည်သူတွေကို ညီညွတ်စေတယ်။ ပြည်သူနဲ့ အစိုးရတစ်ဦး ကိုတစ်ဦး ယုံကြည်မှ တိုင်းပြည်တိုးတက်ပါ တယ်။ ယနေ့ အစိုးရကိုတော့ ပြည်သူတွေက မယုံကြဘူး။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲတွေ မမှန်မကန်လုပ်တယ်။ ကြိုတင်မဲတွေနဲ့ အနိုင်ယူတယ်လို့ အများကယူဆကြတယ်။ ၂၀၁၅ ရွေးကောက်ပွဲအတွက်မဲစာရင်း ၈၀% အထိမှား အောင်လုပ်တယ်။ ပြည်သူ့နှလုံး မသိမ်းကြုံးလျှင် ဓားသားလည်း ခွေလှံလည်း ကြွေပါမယ်။ ဒါကြောင့်ငြိမ်းချမ်းရေးကို ဖော် ဆောင်ဖို့ တုံ့မနှေးနေသင့်ဘူး။ ဒီထက်ပို မလို ချင်ပါနဲ့။
 
ဗီယက်နမ်မှာ အမေရိကန်ရှုံးတယ်။ဖိ လစ်ပိုင်မှာ အာဏာရှင် မားကို့စ် ထွက်ပြေးရ တယ်။ လစ်ဗျားမှာ အာဏာရှင် ကဒါဖီ အသက်ဆုံးရှုံးရပါတယ်။၂၀၁၅ ရွေးကောက်ပွဲအတွက် အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးကိုလည်း ပြင်ဆင်ထားသင့်ပါတယ်။

Most Read

Most Recent