မိုးမျှော်ကြသူများ (သို့မဟုတ်) မျှော်လင့်ချက်များဖြင့်

မိုးမျှော်ကြသူများ (သို့မဟုတ်) မျှော်လင့်ချက်များဖြင့်
Published 12 July 2015
သက်ထိန်ဝင်း (ပခုက္ကူ)

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို တိုင်းပြည်ရဲ့ ဆီအိုးကြီးလို့ ပြည်သူပြည်သားများ ခေါ်ဆိုကြပါတယ်။ ဆီအိုးကြီးလို့ ခေါ်ဆိုလောက်အောင်လည်း မြေပဲဆီ၊ နှမ်းဆီ ထုတ်လုပ်ရာ သီးနှံတွေက အညာအရပ်မှာပဲ အင်နဲ့အားနဲ့ စိုက်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း အညာအရပ်ကို ဆီထွက်သီးနှံထုတ်လုပ်ရာ စက်ရုံကြီးလို့ ပြောနိုင်မယ်ထင်ပါတယ်။ အောက်ပြည်အောက်ရွာရဲ့ ဆီလိုအပ်ချက်ကို အညာက ဖြည့်ဆည်းပေးသလို အညာရဲ့ ဆန်လိုအပ်ချက်ကို အောက်ပြည်အောက်ရွာက ဖြည့်ဆည်းပေးပါတယ်။ တစ်နေရာနဲ့ တစ်နေရာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလိုပါပဲ။ဒီနှစ် မြန်မာပြည်ရဲ့ ဆီအိုးကြီးလို့ဆိုတဲ့ အညာအရပ်မှာ ဆီထွက်သီးနှံတွေ အခြေအနေ မကောင်းသေးပါ။ အကြောင်းရင်းက အလွန်အမင်း မိုးခေါင်မှု။ ဇူလိုင်လ ရောက်သည်အထိ အညာအရပ်မှာ မိုးခေါင်နေဆဲဆိုလျှင် အောက်ပြည်အောက်ရွာနဲ့ ဧရာဝတီ မြစ်ညာထက်ကသူတွေ ယုံချင်မှ ယုံမည်။ အောက်ပြည်အောက်ရွာမှာ မိုးတွေ နေ့တိုင်းရွာလို့ ရေတွေကြီး လမ်းတွေပျက်နေသလို မြစ်ညာရပ်မှာလည်း မိုးရွာသွန်းမှု များလာတာကြောင့် ဧရာဝတီမြစ်ရေက တစ်နေ့တခြား ဆိုသလို တိုးနေဆဲ။ ဒါပေမဲ့ အလယ်ပိုင်းဒေသ အညာအရပ်က မိုးခေါင်ဆဲပါ။ကုန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ရန်ကုန်မြို့ကြီးဝယ် သီတင်းနှစ်ပတ်လောက် နေထိုင်ခဲ့ရသည်။ မိုးမရွာတဲ့နေ့ရယ်လို့ မရှိ။ သဲသဲမဲမဲ ရွာတဲ့နေ့နဲ့ ဖွဲဖွဲလေး ရွာတဲ့နေ့ပဲ ကွာသည်။ နေ့တိုင်း မိုးရွာသည်။ ဒီလိုမိုးကို အညာအရပ်ဆီ တစ်ရက်လောက် ခေါ်သွားချင်သည်။ အညာအရပ်မှာ ခုလိုအချိန်အခါမျိုး မိုးတစ်ရက်လောက် ကောင်းကောင်းရွာရင်ကို တောင်သူများပြုံးလို့ ပျော်နိုင်မှာ သေချာပါတယ်။ ခုတော့ စိုက်ခင်းတွေမှာ ခြောက်သွေ့နေလို့  အညာတောင်သူများ မိုးကို မျှော်ရဆဲပါ။ပခုက္ကူအရပ်က အညာတောင်သူတို့ စိုက်ပျိုးရာသီ တစ်နှစ်မှာ ရှစ်လလောက် တောင်သူ အလုပ်လုပ်ရပါတယ်။ ဒီရှစ်လအတွင်း နှစ်မျိုးသုံးမျိုးလောက်ကို တစ်သီးပြီး တစ်ပြီးစိုက်ကြပါတယ်။ စိုက်ပျိုးရာသီအစ ဇွန်လဆန်းပိုင်းမှာ ပဲတီစိမ်းကို အဓိက စိုက်ပျိုးကြပါတယ်။ တချို့လည်း မြေပဲ (သုံးလပဲ) တွေ စိုက်ကြပါတယ်။ မိုးဦးကောင်းလို့ ပဲတီစိမ်း၊ မြေပဲသီးနှံ အထွက်ကောင်းရင် နောက်စိုက်မယ့် မြေပဲ (ခြောက်လပဲ) တို့ နှမ်းကြီးတို့ စိုက်ပျိုးရတာ တောင်သူများအတွက် အားရှိပါတယ်။ ပထမသီးနှံ အကျိုးအမြတ်ဟာ ဒုတိယ သီးနှံအတွက် အရင်းအနှီးပါပဲ။ လက်ရှိ မိုးခေါင်မှုကြောင့် ပထမသီးနှံ ပဲတီစိမ်းတို့ မြေပဲတို့ စိုက်ခဲ့တဲ့ တောင်သူတွေအတွက် အရင်းဆုံးမယ့် အခြေအနေပါ။ သီးနှံတွေ ဖြစ်ထွန်းဖို့ အညာတောင်သူတို့ မိုးမျှော်ဆဲ။
အညာတောင်သူတို့ မိုးကို မမျှော်လို့လည်း မဖြစ်။ ဇွန်လကုန်လို့ ဇူလိုင်လထဲ ရောက်သည်ထိ အညာမှာ မိုးကောင်းကောင်း မရွာသေး။ မိုးကခေါင်လွန်းတော့ ဇွန်လဆန်းပိုင်းက စိုက်ခဲ့တဲ့ ပဲတီစိမ်းစိုက်ခင်းတွေ ဖျက်သူဖျက်ကြပြီ။ တချို့လည်း မိုးများရွာလေမလား မျှော်လင့်ချက်နဲ့ သီးနှံခင်းတွေကို ကြည့်နေဆဲ။ ဝါဆိုမြေပဲ (ခြောက်လပဲ) စိုက်မယ့် သူတွေလည်း သီးနှံနောက်မကျရလေ အောင်မိုးရွာဖို့ ဆုတောင်းနေရပြီ။ မိုးများ ဆက်ခေါင်နေရင်တော့ အညာလယ်ကွင်းပြင်တွေဟာ လွင်တီးခေါင်ဖြစ်ဖို့ ရှိနေလေပြီ။ပခုက္ကူဒေသကိုင်ကျေးရွာမှ တောင်သူ ကိုသက်ခိုင်ကလည်း “ပဲတီစိမ်းက တောင်သူတွေအတွက် သီးနှံဦးဆိုတော့ မျှော်လင့်ချက်လည်း အတော်ထားပါတယ်။ ဒီသီးနှံလေး အထွက်ကောင်းပါမှ နောက်စိုက်မယ့် သီးနှံမှာ ဧကလည်း အပြည့်စိုက်နိုင်မယ်။ မြေသြဇာလည်း ပြည့်ပြည့်၀၀ သုံးနိုင်တာပါ။ လက်ရှိကတော့ မိုးကခေါင်လွန်းတော့ အခင်းတွေက အပင်ပေါက်ကနေ ကြီးမလာတော့တဲ့အတွက် ဖျက်လိုက်ရပါတယ်။ စိုက်စရိတ်တွေ အားလုံးရှုံးသွားတော့ နောက်မိုးကို မျှော်ပြီးစိုက်မယ့် နောက်သီးနှံအတွက် ငွေတိုးရှာလုပ်ရမယ့် အခြေအနေပါ” ဟု ပြောပြသည်။လက်ရှိတောင်သူလုပ်ငန်း အခြေအနေက ယာခင်းရှင်တွေအတွက်လည်း မကောင်းသလို ပေါင်းသင်မြက်ရှင်းနဲ့ သီးနှံရိတ်သိမ်းလိုက်မဲ့ စာရင်းငှား နေ့စားသမားတွေအတွက် ညွန့်ဟုခေါ်လေ့ ရှိကြသည်။ အခြားတစ်နည်းမှာ မန်ကျည်းရွက် အရင့်အကြမ်းများသာ ရှိတော့သည့် ရာသီတွင် မန်ကျည်းပင် ကိုင်းတက်များအား ဓားဖြင့်ဖျင်ချသည့်နည်းဖြစ်သည်။ ထိုသို့ ဓားဖြင့်ခုတ်ထားသည့် ကိုင်းတံများနေရာတွင် ရွက်နုသစ်များ ထွက်လာသည့်အခါ ထိုအရွက်များကို ခူးဆွတ်ရောင်းချကြပြီး ထိုမန်ကျည်းရွက်နုများကို ဓားတက်ညွန့်ဟု ခေါ်လေ့ရှိကြသည်။ ရန်ကုန်ကဲ့သို့ လူနေထူထပ်သည့် မြို့ကြီးများ၌ ဆယ့်နှစ်လရာသီစလုံး မန်ကျည်းရွက်နုရရှိသောနည်း ရှိသေးကြောင်းလည်း လေ့လာခဲ့ရဖူးသည်။ မန်ကျည်းစေ့များကို ပျိုးထောင်၍ အညှောင့်ပေါက်စေပြီး အပင်ပေါက်စလေးများမှ မန်ကျည်းရွက်နုလေးများအား ခူးဆွတ်ရောင်းချကြခြင်းဖြစ်ကြောင်း သိခဲ့ရသည်။ မန်ကျည်းပင်မှ ထိုနည်းများဖြင့် အရွက်နုရရှိကြသည် သာမက မန်ကျည်းဖူး၊ မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်တို့ကိုလည်း ခူးဆွတ်ရောင်းချလေ့ ရှိကြသည်။ မိသားစု ချက်ပြုတ်စားသောက်ရန်အတွက် ဖြစ်စေ၊ တစ်ဆင့်ပြန်လည် ရောင်းချရန်အတွက်ဖြစ်စေ၊ ဟင်းသီးဟင်းရွက်တိုင်းကို ခူးဆွတ်ရန် လွယ်ကူလှသည်တော့ မဟုတ်ပေ။ မန်ကျည်းရွက် တစ်အိုးချက် ရရန်အတွက် အပင်မြင့်မြင့် ကိုင်းတံအဖျားပိုင်းအထိ တက်ရောက်ရသည်များ ရှိသကဲ့သို့ ထိုသို့ တက်ရောက်စဉ် ခြေချော်လက်ချော် လိမ့်ကျဖူးသူများလည်း ရှိကြသည်။ ပန်းရန်အလုပ်သမားသည်လည်း အမြင့်ကြီးမှ ပြုတ်ကျနိုင်သကဲ့သို့ မျှစ်၊ ပဲရွက်၊ ဘူးညွန့်တို့ကို ခူးဆွတ်စဉ် မြွေပါး ကင်းပါး အန္တရာယ်နှင့် ကြုံဖူးရသူများလည်း ရှိခဲ့ကြသည်။ စိန်တူး ကျောက်တူးသူများက တွင်းပြိုတွင်းပိသည့် အန္တရာယ်ကို ကြုံတွေ့ရနိုင်သည်။ ကူလီထမ်းသူက အဆင်မသင့်လျှင် ခါးရိုးမျက်နိုင်သည်။ ရေရှည်တွင် အားအင်ကုန်ခန်း၍ ချည့်နဲ့သွားနိုင်သည်။ ထန်းတက်သူ၊ မန်ကျည်းရွက်၊ ဥသျှစ်ရွက်ခူးသူတို့က ကံမကောင်း အကြောင်းမလှလျှင် အပင်မြင့်မှ ပြုတ်ကျသွားနိုင်သည်။ မည်သို့ပင် ရှိစေကာမူ အချိန်မလပ် ခုတ်မောင်းနေသော အစာအိမ် ယန္တရားကြီးအတွက် လူသားတို့က သူတို့ ဝန်းကျင်မှ ဖန်တီးပေးထားနိုင်သော အလုပ်အကိုင်များကိုသာ လုပ်ကိုင်စားသောက်ကြရလေ့ ရှိသည် မဟုတ်ပါလား....

Most Read

Most Recent