ရွေးကောက်ပွဲရက်ကြေညာမှု အမေရိကန်ကြိုဆို

ရွေးကောက်ပွဲရက်ကြေညာမှု အမေရိကန်ကြိုဆို
Published 10 July 2015

၂၀၁၅  ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နိုဝင်ဘာ ၈ ရက်တွင်ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်တွင် ထုတ်ပြန်ကြေညာမှုကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ မက်တိုနာက ဇူလိုင် ၈ ရက်တွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။ယုံကြည်စိတ်ချရသော ပါလီမန်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းတွင် အရေးပါသည့် ခြေလှမ်းတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေဖြင့် အားလုံးပါဝင်ပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲများပြုလုပ်နိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် သက်ဆိုင်သူအားလုံး၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီတို့ကို နည်းပညာအထောက်အကူများ ပံ့ပိုးပေးနေကြောင်း၊ ရန်ပုံငွေနှင့် နည်းပညာအထောက်အကူများ ပံ့ပိုးပေးနေကြောင်း၊ ကာတာစင်တာနှင့် ဥရောပသမဂ္ဂတို့မှ အဖွဲ့ဝင်များကို အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စောင့်ကြည်လေ့လာရန် ဖိတ်ကြားထားကြောင်း မက်တိုနာကပြောကြားသည်။အမေရိကန်အစိုးရသည် မြန်မာနိုင်ငံရှိ ဒီမိုကရေစီအဖွဲ့အစည်းများ ပိုမိုခိုင်မာလာစေရန် လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကို ကူညီပံ့ပိုးနိုင်ရန် အစိုးရအနေဖြင့် အားလုံးပါဝင်ပြီး သန့်ရှင်းတရားမျှတ ပွင့်လင်းမြင်သာ ယုံကြည်ရသောရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ဒေါ်လာ ၁၈ သန်းကျော် ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Most Read

Most Recent