အိမ်တွင်း Body Scrub

အိမ်တွင်း Body Scrub
Published 1 July 2015
■ အေးမို့မို့အောင်သူ

အလှပတရား ဆိုသည်က နေရာတိုင်းမှာ ရှိသလို လူတိုင်းအတွက် အရေးပါတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။ လှပခြင်းကလည်း အောင်မြင်ခြင်း တစ်ပါးပါပဲ။ နောက် လူတိုင်းလူတိုင်း၊ အမျိုးသမီးမရွေး၊ အမျိုးသားမရွေး ပြီးပြည့်စုံတဲ့ အလှတရားကို လိုချင်တပ်မက်ကျသူတွေချည်းပါပဲ။ လူတစ်ယောက်ရဲ့ အလှတရားက မျက်နှာတစ်ခုတည်း လှနေရုံနဲ့ မပြည့်စုံပါဘူး။ ခန္ဓာကိုယ်လှပ၊ အရေပြား အသားရေ ကောင်းမွန်ခြင်းတွေကလည်း အလှတစ်မျိုး ဖြစ်ပါတယ်။ဒါကြောင့် အခုဆိုရင် ရုပ်ရည်ချောမောပြီး ခန္ဓာကိုယ်လှပနေပေမယ့် အသားအရေ မလှပသူတွေကလည်း မိမိအသားရေ လှပအောင် နည်းမျိုးစုံနဲ့ ပြုပြင်ထိန်းသိမ်းလာတာကို တွေ့မြင်ရတယ်။ အသားရေအတွက် အထောက်အကူပြုစေမယ့် စားသောက်နည်းကို အသုံးပြုပြီး ပြုပြင်ထိန်းသိမ်းသလို Body Spa သတဲ့ Beauty Spa တို့လို့ အလှအပပြုပြင်ရေး စင်တာတွေ သွားပြီးတော့လည်း လုပ်ဆောင်တာကို တွေ့မြင်နေရတယ်။လူ့ခန္ဓာကိုယ်မှာ အသားရေ ကောင်းမွန်ခြင်းက အရေးပါလှပါတယ်။ လူတော်တော်များများ အိမ်မှာရေးချိုးရင်းနဲ့ ချေးတွန်း၊ အသားလှဆီ လိမ်းရုံနဲ့ အသားရေ လှပလာမယ်လို့ ထင်နေမိကျပါတယ်။ ဒါက တကယ်ကို မှားယွင်းနေတဲ့ အချက်ပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လူခန္ဓာကိုယ်မှာရှိတဲ့ အပေါ်ယံ အရေပြားတွေက ဆဲလ်သေတွေ ဖုံးလွှမ်းနေလျက် ရှိပါတယ်။ဒီဆဲလ်တွေက ရေချိုးရုံ၊ Lotion လိမ်းရုံလောက်နဲ့ ဖယ်ရှားဖို့ မလွယ်ကူပါဘူး။ ဒီဆဲလ်တွေကို ဖယ်ရှားနိုင်မှ အသားရေ စိုပြည်လှပဖို့အတွက် အထောက်အကူပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီပျက်စီးနေတဲ့ ဆဲလ်သေတွေက ခန္ဓာကိုယ် အရေပြားအတွက် ထောက်ကူပြုသမျှ အာဟာရတွေ အားလုံးကို စုပ်ယူထားတဲ့ အတွက်ပါ။ ဒါကြောင့် ခန္ဓာကိုယ် Body Scrub ပြုလုပ်ခြင်းက အသားရေအတွက် အရမ်းကို အရေးပါပြီး အထောက်ပြုစေမယ့် နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ပျက်စီးနေတဲ့ အပေါ်ယံ အရေပြားကို ခွာချဖို့ဆိုရင်-(၁) ခန္ဓာကိုယ်တစ်ခုလုံးကို သကြားဖြင့် ထုတ်လုပ်ထားတဲ့ သဘာဝအလှကုန်ပစ္စည်း ဒါမှမဟုတ် ဆားကို အသုံးပြုပြီးတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ဆားကို အသုံးပြုပြီး Body Scrub ပြုလုပ်ခြင်းက အသားရေကို ကြည်လင်တောက်ပစေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို အထောက်ကူ ပြုပေးပါတယ်။ နောက်ပြီး အသားရေကို အစိုဓာတ်ဖြည့်စွက်ချင်ရင်တော့ သံလွင်ဆီကို အသုံးပြုနိုင်ပါတယ်။ သံလွင်ဆီက အသားရေ အစိုဓာတ်နဲ့ အသားရေ ကြည်လင်ဖို့အတွက် အရမ်းကို အထောက်ကူ ဖြစ်စေပါတယ်။(၂) အခု ဖော်ပြပေးထားတဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စက်ဝိုင်းပုံသဏ္ဌာန် ဖြည်းညင်းစွာ ပွတ်တိုက်ပြီးပေးရမှာပါ။ နောက်ပြီး ၁၀ မိနစ်ခန့်ထားပြီး ရေသန့်သန့်ဖြင့် ပြန်လည်ဆေးကြောပေးပါ။(၃) တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ် လုပ်ဆောင်ပေးရပါမယ်။ ဒါပေမဲ့ သုံးကြိမ်ထပ်တော့ မများပါစေနဲ့။အခုလို ပြုလုပ်ခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ပျောက်စေတယ်၊ အသာရေ ညီညာစေပြီး အိုမင်းရင့်ရော်မှုကိုလည်း တားဆီးပေးတယ်၊ ခန္ဓာကိုယ်ကျန်မာရေးကို အထောက်အကူပြုခြင်းနဲ့ ညောင်းညာပြေစေပြီး တက်ကြွ၍ စိတ်ရွန်းလန်းဆန်းစေပါတယ်။Beauty Spa တွေကိုသွားပြီး Body Scrub ပြုလုပ်ခြင်းက ကုန်ကျစရိတ်လည်း များလှပါတယ်။ အခုနောက်ပိုင်းဆိုရင် Body Scrub ပြုလုပ်နိုင်တဲ့ သဘာဝသစ်မြစ်၊ သစ်ဥတွေကို အသုံးပြုပြီး ဖော်စပ်ထားတဲ့ အလှပြုပြင်ခြင်း ပစ္စည်းတွေလည်း အလွယ်တကူ ဝယ်လို့ ရရှိနေပြီး ဖြစ်ပါတယ်။Beauty Spa ဆိုင်မသွားချင်ဘူး။ အိမ်မှာပဲ Body Scrub ပြုလုပ်ချင်သူတွေ အနေနဲ့ သဘာဝသစ်မြစ်၊ သစ်ဥတွေကို အသုံးပြုပြီး ဖော်စပ်ထားတဲ့ အလှပြုပြင်ခြင်း ပစ္စည်းအချို့ကို ဖော်ပြပေးမှာပဲ ဖြစ်ပါတယ်။ 
Golden Absolutely White Body Scrubဒါကတော့ ခန္ဓာကိုယ်ဖြူဝင်း လှပအောင် လုပ်ဆောင်နိုင်တဲ့ White Body Scrub ပဲ ဖြစ်ပါတယ်။ နေရောင်ဒဏ်နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ပျက်စီးရတဲ့ အသားရေပိုင်ရှင်များအတွက် အထူးသင့်လျော်ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ သဘာဝဆေးဖက်ဝင် ပစ္စည်းများ၊ Pueraria mirifica၊ အုန်းဆီ၊ နနွင်း၊ နွယ်ချို၊ သနပ်ခါး၊ မန်ကျည်း၊ မင်းကွတ်သီးအခွံနဲ့ မုန်လာဥနီတို့ပဲ ဖြစ်ပါတယ်။ 
Advanced Acne Clearing Body Scrubဒါကနေတော့ ပျက်စီးထိခိုက်လွယ်ပြီး အဆီပြန်၊ အသားရေကို မညီညာခြင်းတို့ကို ထိန်ညှိပေးတဲ့အပြင် ချွေးပေါက်ကျဉ်းစေတဲ့ Clearing Body Scrub ပဲ ဖြစ်ပါတယ်။ အဆီပြန်တဲ့ အသားရေပိုင်ရှင်များအတွက် အထူးသင့်လျော်ပါတယ်။သူ့မှာ အဓိက အသားရေကို ထောက်ကူပြုပါဝင်တဲ့ ပစ္စည်းတွေကတော့ နနွင်း၊ သနပ်ခါး၊ Tiger Herbal၊ Andrographis Paniculata၊ မြေးစေး၊ မင်းကွတ်သီးအခွံ၊ ကုလားဆီးဖြူ သီး၊ ဆေးဖက်ဝင်အမှုန်များနဲ့ သတ္တုဓာတ်များ ပါဝင်ပါတယ်။ဒီ Clearing Body Scrub က အရေပြားပေါ်မှာ ဖြစ်တက်တဲ့ ဝက်ခြံ၊ ကြာဆူးတို့ကို သက်သာပျောက်ကင်းစေပါတယ်။ အရေပြားတစ်လျှောက် အောက်စီဂျင် စီးဆင်းမှုကိုလည်း အားပေးပါတယ်။ဒီ အလှပြုပြင်ပစ္စည်းလေးရဲ့ ဈေးနှုန်းက ကျပ် ၁၀၀၀ ကျော် ဝန်းကျင်လောက်ပဲ ရှိပြီးတော့ တစ်ထုပ်ကို တစ်ကြိမ် အသုံးပြုရမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။အသားရေမလှပတဲ့ သူတွေအတွက် ခေါင်းအကိုက်ခံ စိတ်ညစ်မနေဘဲ အခုလို အကုန်ကျစရိတ် သက်သာတဲ့ နည်းတွေကို အသုံးပြုပြီးတော့ အသားရေ ထိန်းသိမ်းနိုင်ပါတယ်။ အသားရေးပြုပြင်တဲ့ အလှကုန် ပစ္စည်းတွေကို အသုံးပြုပြီးတော့ ကြည်လင်ဝင်းပသော အသားရေကို အရယူပါ။အခု ဖော်ပြပေးထားတဲ့ Advanced Acne Clearing Body Scrub နဲ့ Golden Absolutely White Body Scrub ကို Sk Herbal Myanmar ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီအလှကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုသူတွေ အနေနဲ့ကလည်း Sk Herbal Myanmar ရဲ့ Facebook မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။