အမ်စတာဒမ်တွင် 3D ပရင်တာ အသုံးပြု၍ သံမဏိတူးမြောင်းတံတား တည်ဆောက်မည်

အမ်စတာဒမ်တွင် 3D ပရင်တာ အသုံးပြု၍ သံမဏိတူးမြောင်းတံတား တည်ဆောက်မည်
Published 22 June 2015
Ref:AFP

နယ်သာလန်နိုင်ငံတွင် အမ်စတာဒမ်တူးမြောင်းကို ဖြတ်လျက် ကမ္ဘာ့ပထမဆုံးအဖြစ် 3D ပရင်တာကို အသုံးပြုသည့် တံတားတစ်စင်း တည်ဆောက်မည်ဖြစ်ကြောင်း ဒတ်ချ်ကုမ္ပဏီက ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။ 3D ပရင်တာ နည်းစနစ်သည် အနာဂတ်ဆောက်လုပ်ရေးလုပ်ငန်း၌ စံပြု နည်းစနစ် ဖြစ်လာနိုင်သည်ဟု ဆိုသည်။ သံမဏိထည်များကို 3D ပရင်တာများဖြင့် ရေးဆွဲထုတ်လုပ်လျက် အမ်စတာဒမ် မြို့လယ်ကောင်တွင် လူကူးတံတားကို တည်ဆောက်မည်ဟု အင်ဂျင်နီယာကုမ္ပဏီဖြစ်သော  MX3D က ကြေညာချက်တစ်ရပ်၌ ပြောကြားထားသည်။ သူတို့သည် ယင်းစီမံချက်ကို စက်တင်ဘာ၌ စတင်နိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။ 
 
ယခုအစီအစဉ်တွင် အထူး ဒီဇိုင်းပြုလုပ်ထားသော စက်ရုပ်လက်တံများက သတ္တုကို ၁၅၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးကာ ကွန်ပျူတာပရိုဂရမ်အသုံးပြုလျက် တစ်စက်ချင်းချကာ ခေတ်မီဆန်းပြားသော ဒီဇိုင်းကို ပုံဖော်မည် ဖြစ်သည်။ 
 
“သဘောတရားကတော့ အလွန်ရှင်းလင်းပါတယ်။ ကျွန်တော်တို့က ခေတ်မီတဲ့ ဂဟေဆော်စက်ကို စက်ရုပ်လက်တံတစ်ခုနဲ့ ဆက်သွယ်ပေးလိုက်တာပါ”ဟု တံတားဒီဇိုင်းရေးဆွဲသူ ဂျိုရစ်လားမန်းက ပြောကြားခဲ့သည်။   
 
 

Most Read

Most Recent