ကမ္ဘာ့အကြီးဆုံး ပင်လယ်ကူးသင်္ဘော ပြင်သစ်တွင် ရေချ

ကမ္ဘာ့အကြီးဆုံး ပင်လယ်ကူးသင်္ဘော ပြင်သစ်တွင် ရေချ
Published 21 June 2015
Ref:AFP

ကမ္ဘာ့အကြီးဆုံး ပင်လယ်ကူးသင်္ဘော Royal Caribbean International ကို ပြင်သစ်အနောက်ပိုင်းတွင် ဇွန် ၁၉ ရက်က ရေချခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ပထမဆုံးခရီးစဉ် ပြေးဆွဲရန်အတွက်  ရည်မှန်းထားကြောင်း သိရသည်။ အီဖယ် မျှော်စင်အမြင့်ထက် မီတာ ၅၀ ပိုမိုရှည်လျား ပြီး ၃၆၂ မီတာ (၁၁၈၇ ပေ) အရှည်ရှိသည့်  ယင်းသင်္ဘောသည် တန်ချိန် ၂၂၇၀၀၀ အ လေးချိန်ရှိမည်ဖြစ်သည်။ 
 
၂၀၁၃ ခုနှစ် စက်တင်ဘာလမှစပြီး ပြင်သစ်အနောက်ဘက် စိန့်နာဇိုင်ရီရှိ သင်္ဘောကျင်းတွင် ယင်းသင်္ဘောကို စတင် တည်ဆောက်ခဲ့ပြီး လက်ရှိ ပင်လယ်ကူး သင်္ဘောကြီးများထက် တစ်မီတာကျော် ပိုမို ကျယ်ဝန်းသည့်သင်္ဘောဖြစ်ကြောင်း သိရ သည်။ လောလောဆယ်တွင် ကမ္ဘာ့အကြီး ဆုံး ပင်လယ်ကူးသင်္ဘောကြီးများဖြစ်သော  Allure of the Seas နှင့် Oasis of the Seas တို့သည် ၆၅ မီတာ ကျယ်ပြီး တန် ၂၂၅၀၀၀ အလေးချိန်ရှိကြသည်။ ယင်းကမ္ဘာ့အကြီးဆုံး ပင်လယ်ကူးသင်္ဘော သုံးစင်းစလုံးကို Royal Caribbean International သင်္ဘောလိုင်းက ပိုင်ဆိုင်သည်။ Harmony of the Seas သင်္ဘောတည်ဆောက်ရေးတွင် အလုပ်သမား ၂၅၀၀ ခန့်က လုပ်ကိုင်နေပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလလယ်တွင် စမ်းသပ်ပြေးဆွဲရန် ရည်မှန်းထားသည်။ ၂၀၁၆ ခုနှစ် မေလတွင်  ဗြိတိန်နိုင်ငံ ဆောက်သမ်တန်မှ စပိန်၏ ဘာစီလိုနာမြို့သို့ ပထမဆုံးခရီးစဉ်ကို ပြေးဆွဲရန် စီစဉ်ထားသည်။  Harmony of the Seas သင်္ဘောကြီးတွင် ခရီးသည် ၆၃၆၀ အတွက်အခန်းများပါဝင်မည်ဖြစ်ပြီး သင်္ဘော အမှုထမ်း ၂၁၀၀ ရှိမည်ဖြစ်သည်။

Most Read

Most Recent