ရဲတပ်ဖွဲ့အပေါ် တပ်မတော်၏လွှမ်းမိုးမှုမရှိစေရန် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး၌ ဆွေးနွေး

ရဲတပ်ဖွဲ့အပေါ် တပ်မတော်၏လွှမ်းမိုးမှုမရှိစေရန် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေး၌ ဆွေးနွေး
Published 8 May 2015

ရဲတပ်ဖွဲ့အပေါ် တပ်မတော်၏လွှမ်းမိုးမှုမရှိစေရန် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအစည်းအဝေး၌ ဆွေးနွေးခဲ့ကြောင်း သိရသည်။မေ ၅ ရက်၌ ရန်ကုန်မြို့ အင်းလျားလမ်းရှိ လွှတ်တော်ရုံးခွဲ၌ပြုလုပ်သည့် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ အစည်းအဝေး၌ အထက်ပါကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။"အစည်းအဝေးမှာ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေ၊ ရဲကဲ့သို့ လက်နက်ကိုင်လုံခြုံရေးဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဥပမာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကိုလည်း Professional ဖြစ်စေချင်တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တပ်မတော်ရဲ့လွှမ်းမိုးမှုမရှိစေဖို့ ဆွေးနွေးကြတယ်" ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ထို့ပြင် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအနေဖြင့် တရားဥပဒေစိုးမိုးရေးစင်တာများ တိုးချဲ့တည်ထောင်နိုင်ရန် ဆောင်ရွက်နေကြောင်း၊ မကြာမီက Pilot Project အဖြစ်ဖွင့်လှစ်ခဲ့သည့် လားရှိုးနှင့် မန္တလေးမြို့ရှိ တရားဥပဒေစိုးမိုးရေးစင်တာများတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာပညာပေးမှုများ ဆောင်ရွက်နေကြောင်း ဦးဇော်မြင့်မောင်က ပြောကြားသည်။ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်။

Most Read

Most Recent