အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့်ပို့စ်နှင့် ပတ်သက်၍ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ရှင်းလင်း

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည့်ပို့စ်နှင့် ပတ်သက်၍ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ ရှင်းလင်း
Published 19 April 2015
ဉာဏ်ဝင်းရှိန်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏လူမှုကွန်ရက် Facebook စာ မျက်နှာတွင် တင်ထားသည့်ပို့စ်နှင့်ပတ်သက် ၍ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့မှ ၎င်းတို့၏  Facebook မှ တစ်ဆင့် ပြန်လည်ရှင်းလင်းခေဲ့ကြောင်း သိရသည်။
 
ဦးလှဆွေ၏ Facebook စာမျက်နှာတွင် ဧပြီ ၁၆ရက် မွန်းလွဲ ၁၂ နာရီ ၅မိနစ်က တင်ထားသည့် ပို့စ်တွင် “ ပါတီတစ်ခုရဲ့ သင်္ကြန် သရုပ်ဖော်ပြကွက်နဲ့ သံချပ်တဲ့ဗျာ၊ လောက်ကိုင်မှာ တပ်ကသူတို့ဘာသာ တိုက်ပွဲဝင်နေတာခင်ဗျားတို့ကို ဘာလုပ်လို့ သံချပ်ထဲ ထည့်ထိုးနေပါလိမ့်၊ လောက်ကိုင်တိုက်ပွဲဝင်နေတဲ့  စစ်သည်တွေကိုဂုဏ်မပြုခြင်နေပါ၊ ခုလိုကြီး ကျတော့ စော်ကားရာမရောက်ဘူးလားလို့ ပွဲစီစဉ်သူတွေကို မေးခွန်းထုတ်ခြင်တယ်၊ တော်တာ်ပဲ့ရွဲ့ စုတ်ပြတ်သပ်နေတဲ့အတွေးအခေါ် ပဲ”ဟု စာရေးသားထားပြီးေ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏ သရုပ်ဖော်ပြကွက်ဓာတ်ပုံနှင့် လုပ်ရဲတာက သတ္တိမဟုတ်ဘူး-ခံရဲတာမှ သတ္တိ ပါကွ၊ ပြောရင်းဆိုရင်း ဝဋ်လည်ပြီ- လောက်ကိုင်မှာလေ အတုန်းအရုံး” စသည့် စာတန်း နှစ်ကြောင်းပါဓာတ်ပုံကို ပူးတွဲ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။
 
အဆိုပါဖော်ပြချက်နှင့် ပတ်သက်ပြီး ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၏လူမှုကွန်ရက် Facebook စာမျက်နှာမှတဆင့်“ဦးလှဆွေ၏ Post နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းလိုက်ပါသည်။ (၁) ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့သည်  ပါတီတစ်ခု၏ သံချပ်အဖွဲ့မဟုတ်ပါ။ လက်ရှိ တက္ကသိုလ်တက်နေသည့် သမဂ္ဂအသီးသီးမှ အဖွဲ့ဝင်ကျောင်းသားကျောင်းသူများနှင့်သာ စုဖွဲ့ထားသောသံချပ်အဖွဲ့သာ ဖြစ်သည်။ (၂) ဒေါင်းတို့မျိုးဆက်သံချပ်အ ဖွဲ့၏ သံချပ်များ၊ ပြဇာတ်များတွင် လောက်ကိုင်တိုက်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာ စာသားများ လုံး၀ (လုံးဝ) မပါရှိပါ။ ဦးလှဆွေဖော်ပြထားသော စာသားများကို မြင်ဖူးခြင်းပင် မရှိပါ” ဟု ဧပြီ ၁၇ ရက်က ပြန်လည်တုံ့ပြန်ဖြေရှင်းခဲ့သည်။
 
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနန်းလင်းက “ဦးလှဆွေဆိုတာက လက်ရှိလွှတ်တော်ထဲမှာ ပါဝင်နေတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးပါ။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီးတော့ ကိစ္စတစ်ခုကို သေသေချာချာ ရေရေရာရာမသိဘဲနဲ့ ငါ့ စကား နွားရစကားမျိုးပြောတာကတော့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးမှာ ရှိသင့်တဲ့အကျင့် အသွင်အပြင်မရှိဘူးလို့ ကျွန်တော်မြင်တယ်။ ပါတီရဲ့အလံမှန်းမသိ၊ ခွပ်ဒေါင်းအလံမြင်တာ နဲ့ NLD ပါတီလို့ထင်ပြီး ပုတ်ခတ်တာလား၊ကျောင်းသားအလံမှန်း သိသိကြီးနဲ့ ရည်ရွယ် ချက်ရှိရှိ ပုတ်ခတ်တာလားတော့ မသိဘူး။ ဦးလှဆွေဖော်ပြထားတဲ့ စာသားတွေက ကျွန်တော်တို့ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရဲ့သံချပ်စာသားတွေ မဟုတ်ပါဘူး”ဟု ပြောကြားသည်။
 
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် သင်္ကြန်ကာလအတွင်း နိုင်ငံအတွင်း၌ဖြစ်ပျက်နေသည့်ပြဿနာများကို ရန်ကုန်မြို့အနှံ့ လိုက် လံသံချပ်ထိုးခဲ့ပြီးဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်းမှ ကျောင်းသားပြည်သူများနှင့်မြို့တော်ခန်းမရှေ့တွင် ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပတ်သက်၍ သရုပ်ဖော်တင်ဆက်ခဲ့သည်။
 

Most Read

Most Recent