ဂျပန်နိုင်ငံသို့ လေးရက်ကြာ သွားရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား တွေ့ဆုံ၍ သမ္မတဦးသိန်းစိန်၏ စာတစ်စောင်ကို ပေးအပ်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
အဆိုပါစာတွင် သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပမည်ဖြစ်ကြောင်း ကတိပေး ရေးသားထားသည်ဟု သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မတ်လအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မူကြမ်း နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေးဆွဲပြီးစီးကြောင်း အတည်ပြုချက် လက်မှတ်ရေးထိုးနိုင်မှုကို အသိပေးပြောကြားရန် ဂျပန်နိုင်ငံသို့ လာရောက်ခြင်းဖြစ်ကြောင်းနှင့် လမ်းမှန်ပေါ်သို့ လျှောက်လှမ်းရန် မြန်မာအနေဖြင့် ရည်ရွယ်ပါကြောင်းနှင့် ထိုသို့ ဆက်လက်လျှောက်လှမ်းရန်အတွက် ဂျပန်နိုင်ငံ၏ ဆက်လက် အားပေးထောက်ခံမှုကို လိုကြောင်း ပြောကြားခဲ့သည်ဟု
သိရသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ပံ့မှု အကူအညီများ ပေးအပ်နေသည့် အကြီးဆုံးအလှူရှင်နိုင်ငံများတွင် ပါဝင်ပြီး မြန်မာနိုင်ငံသို့ အိုဒီအေအဖြစ် ထောက်ပံ့ငွေနှင့် ချေးငွေကို ပေးအပ်လျက်ရှိသည်။
၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအပြောင်းအလဲအဖြစ် စစ်တပ်က အာဏာသိမ်းသည့်အချိန်တွင် မြန်မာနိုင်ငံကို ပေးနေသည့် ဂျပန်၏ အကူအညီကို ရပ်ပစ်လိုက်ပါသည်။ သို့ရာတွင် ၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးသည့်နောက်ပိုင်းတွင် မူဝါဒများ ပြောင်းလဲသွားသည့်အတွက် ဂျပန်နိုင်ငံက ပြန်ပြီး အကူအညီများ ပေးခဲ့ပါသည်။ ထို့ပြင် ၃၆ နှစ် အတွင်းမှာပဲ ဂျပန်ဝန်ကြီးချုပ်တစ်ယောက်အနေဖြင့် ရှင်ဇိုအာဘေး မြန်မာနိုင်ငံသို့ ကိုယ်တိုင် လာရောက်ခဲ့ပါသည်။
လာမည့်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပမည်ဖြစ်ကြောင်း ကတိပေးရေးသားထားသည့် သမ္မတဦးသိန်းစိန်၏ စာတစ်စောင်ကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား ဝန်ကြီးဦးအောင်မင်း ပေးအပ်















