ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှုပြီးဆုံး

ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှုပြီးဆုံး
Published 27 March 2015

ကချင်ပြည်နယ် ဗန်မော်ခရိုင် မဒန်ယန်ကျေးရွာအနီးတွင် မတ် ၂၄ ရက် ညနေ ၃ နာရီခန့်တွင် မန်စီမြို့ ရေပေးဝေရေးလုပ်ငန်း ရေမြောင်းတူးအလုပ်သမားနှစ်ဦးသည် ရေမြောင်းတူးပြီးပြန်လာစဉ် အရှေ့မှသွားသည့် ဦးမောင်ဆန်က ထောင်မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲရာ နှစ်ဦးစလုံးဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဒဏ်ရာရရှိသူနှစ်ဦးသည် မတ် ၂၄ ရက် ညနေ ၃ နာရီခန့်တွင် မမစ (မန်စီ)၏ အရှေ့တောင်ဘက် ၇ မိုင်၊ ၄ ဖာလုံခန့်အကွာရှိ မန်စီမြို့နယ် မဒန်ယန်ကျေးရွာအနီးတွင် မန်စီမြို့အတွက် ရေပေးဝေရေးလုပ်ငန်း ရေမြောင်းတူးပြီးပြန်လာစဉ် ခမမပည (LG-303587) နေရာသို့အရောက်တွင် ရှေ့မှသွားသောဦးမောင်ဆန်က မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း အစိုးရမှတ်တမ်းများအရ သိရသည်။
မိုင်းစထိမှန်ဒဏ်ရာရသူ ဦးမောင်အိုက်နှင့် ဦးမောင်ဆန်တို့နှစ်ဦးသည် မတ် ၂၄  ရက် ည ၇ နာရီခန့်တွင် မန်စီမြို့၊ မေတ္တာရှင်လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် မန်စီမြို့မှ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုဆက်လက်ခံယူနေကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent