၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ချင်းနိုင်ငံရေးပါတီများ ပူးတွဲထုတ်ပြန်

၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ချင်းနိုင်ငံရေးပါတီများ ပူးတွဲထုတ်ပြန်
Published 22 March 2015

၂၀၁၅ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား လက်တွဲလုပ်ဆောင်မည်ဖြစ်ကြောင်း ချင်းနိုင်ငံရေး ပါတီများက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပူးတွဲထုတ်ပြန်ခဲ့သည်။ချင်းမိသားစု နိုင်ငံရေးပါတီများအကြား အချင်းချင်းရင်းနှီးမှု တည်ဆောက်ရန်နှင့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးတွင် အချင်းချင်း ချိတ်ဆက်မှုရှိရှိဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ချင်းနိုင်ငံရေးပါတီ ကိုးခုမှ တာဝန်ရှိသူများသည် မတ် ၂၀ နှင့် ၂၁ ရက်တို့တွင် ရန်ကုန်မြို့ Summit Parkview ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။အဆိုပါ တွေ့ဆုံပွဲ အပြီးတွင် ချင်းပါတီများက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပါတီများ အနေဖြင့် မေလ ပထမပတ်အတွင်း ထပ်မံတွေ့ဆုံရန်လည်း သဘောတူခဲ့ကြောင်း သိရသည်။  “အဓိက,ကတော့ ချင်းပါတီတွေက အခုလက်ရှိ အခြေအနေတွေမှာ အများကြီး ရှိတယ်ပေါ့။ ချင်းပြည်နယ် အတွင်းမှာ ခြောက်ခု ရှိတယ်။ ပြည်နယ်ပြင်ပမှာက ငါးခုရှိတယ်။ ဒီတော့ ချင်းပြည်နယ်အတွင်းမှာ ရှိတာက ချင်းနာမည်ခံတဲ့ ပါတီကြီးက သုံးခုပါ။ ကျန်တာကတော့ မျိုးနွယ်စုပါတီ ဖြစ်တယ်။ ဆိုတော့ ဒီလိုပါတီတွေ ကွဲပြားတဲ့အခါမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ ဖြစ်စေ၊ ပါတီလုပ်ငန်းစဉ်မှာ ဖြစ်စေ ပါတီတစ်ခုနဲ့ တစ်ခုက ထပ်လာတဲ့ အခါကျတော့ ပွတ်တိုက်မှုတွေက ရှိလာနိုင်တယ်။ အဲ့ဒါကြောင့် ဒီဟာတွေကို ပြန်ပြီးတော့ တွေ့ဆုံကြပြီးတော့ ပွတ်တိုက်မှု အနည်းဆုံးဖြစ်အောင် လက်တွေ့ဆောင်ရွက်နိုင်အောင် ရည်ရွယ်ချက်တွေနဲ့ တွေ့ဖြစ်ကြတာ ဖြစ်တယ်” ဟု ချင်းဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ်က ပြောကြားသည်။
ချင်းပြည်နယ် အတွင်းမှာ ခြောက်ခု ရှိတယ်။ ပြည်နယ်ပြင်ပမှာက ငါးခုရှိတယ်။ ဒီတော့ ချင်းပြည်နယ်အတွင်းမှာ ရှိတာက ချင်းနာမည်ခံတဲ့ ပါတီကြီးက သုံးခုပါ။ ကျန်တာကတော့ မျိုးနွယ်စုပါတီ ဖြစ်တယ်။ ဆိုတော့ ဒီလိုပါတီတွေ ကွဲပြားတဲ့အခါမှာ . . . . .

အဆိုပါ ဆွေးနွေးပွဲသို့ ချင်းနိုင်ငံရေးပါတီ ၁၀ ခုကို ဖိတ်ကြားခဲ့သော်လည်း ပါတီကိုးခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ချင်းနိုင်ငံရေး ပါတီများ၏ ယခုကဲ့သို့ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးမှုမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးဇိုဇမ်က “ကျွန်တော်တို့ အနေနဲ့ကတော့ လက်ရှိ ချင်းပါတီတွေလည်း အများကြီး ရှိပါတယ်။ လာမယ့် ရွေးကောက်ပွဲကနေမှ ကျွန်တော်တို့ ချင်းပြည်နယ် အစိုးအဖွဲ့ကို ချင်းနိုင်ငံရေး ပါတီများနဲ့သာ ဖွဲ့စည်းနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း စေချင်ပါတယ်” ဟု ပြောကြားသည်။၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မြို့နယ်ကိုးမြို့နယ်တွင် ချင်းပါတီခြောက်ခုက ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားကြောင်းနှင့် ချင်းပါတီ အများစုမှာ ပြည်နယ်ပြင်ပဖြစ်သော စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ချင်းလူမျိုးစုများမှ ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီ ၁၀ ခုမှာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ အရှိုချင်းအမျိုးသားပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ခူမီးအမျိုးသားပါတီ၊ ခမီအမျိုးသားဖွံ့ ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent