နမ်ဆော့ဗ် လုပ်ကြံခံရမှု၌ သံသယရှိသူနှစ်ဦးကို ရုရှားတရားရုံးတွင် စွဲချက်တင်ပြီးနောက် ချေချင်းညာ ရဲအရာရှိဟောင်းက ဖြောင့်ချက်ပေး

နမ်ဆော့ဗ် လုပ်ကြံခံရမှု၌ သံသယရှိသူနှစ်ဦးကို ရုရှားတရားရုံးတွင် စွဲချက်တင်ပြီးနောက် ချေချင်းညာ ရဲအရာရှိဟောင်းက ဖြောင့်ချက်ပေး
Published 9 March 2015

ရုရှားအတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဘော့ရစ်နမ်ဆော့ဗ်ကို လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရုရှားအစိုးရက ထုတ်ပြန်ပြီးနောက် မတ်လ ၈ ရက်နေ့တွင် ထိုနှစ်ဦးကို ရုရှားတရားရုံးက လူသတ်မှုဖြင့် စွဲချက်တင်လိုက်ကာ ချေချင်းညာရဲအရာရှိဟောင်းက ဆာဒါဒါယေ့ဗ်က ဖြောင့်ချက်ပေးခဲ့သည်။  ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ကာလရှည်ကြာစွာ ဝေဖန်ခဲ့သူတစ်ဦးဖြစ်သည့် နမ်ဆော့ဗ်သည် မြို့တော်အလယ်ရှိ တံတားတစ်ခု၌ သူ၏ မိန်းကလေးအဖော်ဖြစ်သူနှင့် လမ်းလျှောက်နေစဉ် နောက်ကျောဘက်သို့ သေနတ်ကျည်ဆန်လေးချက် ထိမှန်ခံခဲ့ရခြင်း ဖြစ်သည်။ ထိုသို့ ပစ်သတ်ခံရပြီး သီတင်းတစ်ပတ်ကျော် အကြာတွင် ယခုကဲ့သို့ သံသယရှိသူကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။“ပြစ်မှုကို ကျူးလွန်တယ်လို့ သံသယရှိသူနှစ်ဦးကို ဒီနေ့ပဲ ဖမ်းမိပါတယ်။ အန်ဇာဂူဘာရှိဗ်နဲ့ ဆာဒါဒါယေ့ဗ်တို့ ဖြစ်ကြတယ်။ သမ္မတကိုလည်း အကြောင်းကြားထားပါတယ်” ဟု FSB ဖက်ဒရယ်လုံခြုံရေးအဖွဲ့မှ ဥက္ကဌဖြစ်သူ အလက်ဇန္ဒားဘော့နီကို့ဗ်က နိုင်ငံပိုင်ရုပ်သံတွင် ပြောကြားခဲ့သည်။ ထိုနှစ်ဦးစလုံးသည် မြောက်ပိုင်းကော့ကေးရှဒေသမှ ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ကော့ကေးရှဒေသတွင် ရုရှားအစိုးရတပ်များသည် ချေချင်းညာသူပုန်တို့နှင့် စစ်ပွဲကြီးနှစ်ရပ်ကို ဆင်နွှဲခဲ့ဖူးသည်။ ထို့နောက် အစ္စလာမ္မစ်သူပုန်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ထိုဒေသမှ လုံခြုံရေးတပ်ဖွဲ့များသည် လူ့အခွင့်အရေး အလွဲသုံးစား ပြုနေကြသည်ဟု မကြာခဏ စွပ်စွဲခံခဲ့ရသည်။ယခု ဖမ်းဆီးမိသည့် လူနှစ်ဦးသည် နမ်ဆော့ဗ်ကိုလုပ်ကြံရန် ကြံစည်သည့် အဖွဲ့အစည်းထဲတွင် ပါဝင်ပြီး လုပ်ကြံမှုကို ဆောင်ရွက်ခဲ့သည်ဟု သံသယရှိသူနှစ်ဦးဖြစ်ကြောင်း ဩဇာကြီး ထောက်လှမ်းရေးကော်မတီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗလာဒီမာမာကင်က ပြောကြားခဲ့သည်။ နမ်ဆော့ဗ်လုပ်ကြံခံရမှုတွင် ပါဝင်သည့် အခြားသူများကိုလည်း ဆက်လက်စုံစမ်း ထောက်လှမ်းနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ရုရှားသတင်းဌာနများတွင် ဖော်ပြချက်အရ ထိုသံသယရှိသူနှစ်ဦးကို မော်စကိုရှိ လုံခြုံရေးမြင့်မားသည့် လီဖို့တိုဗို အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းထားပြီး မတ်လ ၉ ရက်တွင် တရားရုံး၌ ကြားနာစစ်ဆေးခံရမည် ဖြစ်သည်ဟု သိရသည်။အခင်းဖြစ်ပွားစဉ်က နမ်ဆော့ဗ်နှင့်အတူ လမ်းလျှောက်နေခဲ့သည့် မိန်းကလေးအဖော်ဖြစ်သူ ယူကရိန်းမော်ဒယ် ရန်နာဒူရစ်စကာသည် ထိုအမှု၏ တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်သော်လည်း ယူကရိန်းသို့ ပြန်သွားပြီဖြစ်သည်။ သံသယရှိသူတို့ကို ဖမ်းဆီးခဲ့ပြီးနောက် ဒူရစ်စကာကို မော်စကိုမှ ပြန်လည်ဆင့်ခေါ်နိုင်ခြေ ရှိမရှိ မသေချာကြောင်း၊ သို့သော် ထောက်လှမ်းရေးများနှင့် ပူးပေါင်းရန် အသင့်ရှိကြောင်း ဒူရစ်စကာ၏ ရှေ့နေက ပြောကြားခဲ့သည်။           
Ref:AFP 

Most Read

Most Recent