အင်အားသုံးဖြေရှင်းဆောင်ရွက်မှုများကို မထောက်ခံကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထုတ်ပြန်

အင်အားသုံးဖြေရှင်းဆောင်ရွက်မှုများကို မထောက်ခံကြောင်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထုတ်ပြန်
Published 7 March 2015
ကျော်ဇင်ဝင်း

အင်အားသုံးဖြေရှင်းဆောင်ရွက်မှုများကိုမထောက်ခံကြောင်း အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မတ် ၆ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်သည်။အဆိုပါကြေညာချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့အတွက် အစဉ်သဖြင့် တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အတွင်း အကြောင်းကြောင်းနှင့်  အခြေအနေအရပ်ရပ်အရ သဘောထားကွဲလွဲမှုများဖြစ်ပေါ်လာပါက မျက်နှာစုံညီ ညှိနှိုင်းအဖြေရှာ၍ ပူးပေါင်းဆောင်ရွက်နေသောပါတီဖြစ်ကြောင်း ဖော်ပြထားသည်။
လတ်တလောဖြစ်ပေါ်နေသောဖြစ်စဉ်များအပါအဝင် မည်သည့်ဖြစ်စဉ်များတွင်မဆို မိမိတို့ပါတီအနေဖြင့် အင်အားသုံးပါဝင်ဆောင်ရွက်ခြင်းမပြုရန်  သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ပါတီအဆင့်ဆင့်များသို့

ထို့အပြင် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များအတွက် ငြိမ်းချမ်းစွာပူးပေါင်းညှိနှိုင်းဖြေရှင်းနိုင်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ မိမိတို့ပါတီအနေနှင့် အင်အားသုံးဖြေရှင်းဆောင်ရွက်မှုများကို မထောက်ခံကြောင်း၊ လတ်တလောဖြစ်ပေါ်နေသောဖြစ်စဉ်များအပါအဝင် မည်သည့်ဖြစ်စဉ်များတွင်မဆို မိမိတို့ပါတီအနေဖြင့် အင်အားသုံးပါဝင်ဆောင်ရွက်ခြင်းမပြုရန်  သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ပါတီအဆင့်ဆင့်များသို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီ  ၃၀ ရက်စွဲဖြင့် ပါတီဌာနချုပ်မှ ညွှန်ကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ထို့အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီရေးတို့ကိုရှေးရှု၍ ပြဿနာများပေါ်ပေါက်လာပါက တွေ့ဆုံညှိနှိုင်းအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ရေးကို မဖြစ်မနေလုပ်ဆောင်ကြရန် တိုက်တွန်းချက်လည်း ကြေညာချက်တွင်ဖော်ပြပါရှိသည်။

Most Read

Most Recent