အမျိုးသားလွှတ်တော် ကြားနာပွဲသို့ NNER တက်ရောက်ရန် ရွှေ့ဆိုင်း

အမျိုးသားလွှတ်တော် ကြားနာပွဲသို့ NNER တက်ရောက်ရန် ရွှေ့ဆိုင်း
Published 5 March 2015

အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ ကြားနာမည်ဖြစ်ရာ မတ် ၇ ရက်တွင် ပြုလုပ်မည့် ကြားနာပွဲသို့ တက်ရောက်မည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က အသိပေးကြေညာချက်ကို မတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။လက်ရှိဖြစ်ပေါ်နေသော ကျောင်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုမှုများကို အစိုးရမှ မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်နှင့် ပတ်သက်၍ NNER က စိုးရိမ်မကင်း ဖြစ်နေပါကြောင်း၊ NNER အနေဖြင့် လက်ရှိ ရှုပ်ထွေးနေသော အကျပ်အတည်းများကြောင့် ကြားနာပွဲသို့ တက်ရောက်မည့် အစီအစဉ်အား ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်သည်။ ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါဝင်သူ ကျောင်းသား၊ ကျောင်းသူများနှင့် အားပေးထောက်ခံ ကူညီသူများကို သပိတ်နှင့် ပတ်သက်ပြီး အရေးယူခြင်း မပြုရဟု သဘောတူချက်အရ ငြိမ်းချမ်းစွာသပိတ်မှောက် ဆန္ဒပြနေသော ကျောင်းသား၊ ကျောင်းသူများနှင့် ထောက်ခံအားပေး ကူညီသူများအား ဖိအားပေးခြင်း၊ တားဆီးပိတ်ဆို့ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ဖြိုခွဲခြင်း၊ အရေးယူခြင်းများ မပြုလုပ်ရန် အလေးအနက်ထား တိုက်တွန်းလိုက်ပါကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ 

Most Read

Most Recent