အီရန်နှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက် ရရှိရန် သမ္မတအိုဘားမား၏ ကြိုးပမ်းမှုကို ကွန်ဂရက်မိန့်ခွန်းတွင် နေတန်ယာဟု ရှုတ်ချ

အီရန်နှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက် ရရှိရန် သမ္မတအိုဘားမား၏ ကြိုးပမ်းမှုကို ကွန်ဂရက်မိန့်ခွန်းတွင် နေတန်ယာဟု ရှုတ်ချ
Published 5 March 2015

အီရန်နှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက် ရရှိရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ ကြိုးပမ်းမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုက ရှုတ်ချခဲ့ပြီး အမေရိကန်သည် အီရန်ကို နျူ ကလီးယားဗုံးရရှိရန် လမ်းဖွင့်ပေးနေကြောင်း သတိပေး ပြောကြားခဲ့သည်။ အမေရိကန် ကွန်ဂရက်တွင် မတ် ၃ ရက်က မိန့်ခွန်းပြောကြားခဲ့သော နေတန်ယာဟုက အီရန်နှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်သည် အီရန်ကို နျူကလီးယားလက်နက် ရရှိရေးမှ ဟန့်တားနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အီရန်နျူကလီးယားဖျက်သိမ်းရေး သဘောတူညီချက်အတွက် ဆွစ်ဇာလန်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံနေပြီး ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံက အီရန်နျူကလီးယားလက်နက် တည်ဆောက်ရေးကို တားဆီးရန် ဖိအားပေးနေသည်။ နေတန်ယာဟုက အမေရိကန် ကွန်ဂရက်တွင် မိန့်ခွန်းပြောကြားခဲ့ပြီးနောက် အိုဘားမားက နေတန်ယာဟုသည် အီရန်ခြိမ်းခြောက်မှုကို ထိန်းချုပ်ရန်အတွက် ကိုယ်ပိုင်အစီအစဉ် မရှိကြောင်း ပြောကြားခဲ့သည်။နေတန်ယာဟုသည် ယှဉ်ပြိုင်မှုပြင်းထန်မည့် အစ္စရေးပါလီမန် ရွေးကောက်ပွဲများကို ယှဉ်ပြိုင်ရန် နှစ်ပတ်သာ အချိန်လိုတော့ပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် အမေရိကန်နှင့် အစ္စရေး ဆက်ဆံရေးကို အန္တရာယ်ပြု၍ စွန့်စားနေကြောင်း စွပ်စွဲခံထားရသည်။ သို့သော်လည်း ကွန်ဂရက်တွင် နေတန်ယာဟုက အီရန်နှင့် နျူကလီးယားဆိုင်ရာ သဘောတူညီချက်သည် အီရန်ကို နျူကလီးယားလက်နက် ရရှိစေမှုမှလွဲပြီး မည်သည့်အာမခံချက်မှ ရမည်မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။ သမ္မတအိုဘားမားသည် နေတန်ယာဟုက ကွန်ဂရက်တွင် မိန့်ခွန်းပြောကြားမှုကို မလိုလားခဲ့ဘဲ ယူကရိန်း အကျပ်အတည်းအတွက် ဥရောပခေါင်းဆောင်များနှင့် ဗီဒီယိုညီလာခံ ကျင်းပခဲ့သည်။နေတန်ယာဟု မိန့်ခွန်းပြောကြားပြီးနောက် အိုဘားမားက အမေရိကန်သည် အီရန်နှင့် နျူကလီးယားသဘောတူညီချက် မရရှိသေးကြောင်း ယင်းသဘောတူညီချက် ရရှိပါက အီရန်ကို နျူကလီးယားလက်နက် ရရှိရေးမှ ကာကွယ်ရန် အကောင်းဆုံး သဘောတူညီချက် ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။နေတန်ယာဟုသည် ကွန်ဂရက်တွင် ပြောကြားခဲ့သော မိန့်ခွန်းအတွက် အမေရိကန်၏ နိုင်ငံခြားရေးရာ သဘောထားတင်းမာသူများထံမှ ကောင်းမွန်သော တုံ့ပြန်မှုများ ရရှိခဲ့သော်လည်း ပြည်တွင်းတွင် ဝေဖန်သူအချို့က နေတန်ယာဟုသည် အဓိက မဟာမိတ်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုအတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ကြသည်။Ref:AFP

Most Read

Most Recent