ယခင် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကောက်ခံသည့် ကုန်စည်လိုင်းပေါင်း ၆၀ ကို အခွန်ကင်းလွတ်ခွင့်ပြုထားခြင်း အပါအဝင် အခွန်အကောက်ဥပဒေကို အချက် (၂၁) ချက် ပြင်ဆင်ဖြည့်စွက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့

ယခင် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကောက်ခံသည့် ကုန်စည်လိုင်းပေါင်း ၆၀ ကို အခွန်ကင်းလွတ်ခွင့်ပြုထားခြင်း အပါအဝင် အခွန်အကောက်ဥပဒေကို အချက် (၂၁) ချက် ပြင်ဆင်ဖြည့်စွက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့
Published 15 February 2015
ဇော်ဝေ

ယခင်နှစ်က ကုန်သွယ်လုပ်ငန်းခွန် ငါး ရာခိုင်နှုန်းကောက်ခံခဲ့သည့် လယ်ယာထွက် ကုန်၊ စိုက်ပျိုးရေးသွင်းအားစုများ၊ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းများ အပါ အဝင် ကုန်စည်လိုင်းပေါင်း ၆ဝ ကျော်ကိုကုန် သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားခြင်း အပါအဝင် ယခင်နှစ် အခွန်အကောက်ဥပဒေကို အချက် ၂၁ ချက်ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်သို့ ယခုနှစ် ပြည်ထောင်စုအခွန် ဥပဒေကြမ်းအဖြစ် ပေးပို့ထားကြောင်း ပြည် တွင်းအခွန်များ ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးဇေယျကြည်ညွန့်က ဆိုသည်။
“၂ဝ၁၅ မှာ ဘာပြောင်းလဲဆိုတော့ ကုန် စည်နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို Tax Excemption ပေးလိုက်ပါတယ်။ ဘယ် အတိုင်းအတာအထိ Excemption လဲဆိုတော့ ကျွန်တော်တို့ Supply Chain ကြီးတစ်ခုလုံးမှာ ဖြစ်ပါတယ်။ အားလုံးပေါင်း ကုန်စည်အမျိုး အစားပေါင်း ၆ဝ ပါ”ဟု ဦးဇေယျကြည်ညွန့် က ပြောကြားသည်။
“ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရာ တွင် Transaction လေးမျိုးပေါ်တွင် ကျသင့် ခြင်းဖြစ်ပါတယ်။ နံပါတ်တစ် ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချလျှင်သော်လည်း၊ နံပါတ် နှစ် ပြည်ပကနေ တင်သွင်းရောင်းချလျှင်သော် လည်းကောင်း၊ နံပါတ်သုံး ပြည်တွင်းမှာ ကုန် သွယ်မှုပြုလျှင်သော်လည်းကောင်း၊ နံပါတ် လေး ပြည်တွင်းတွင် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျှင်သော်လည်းကောင်း အခွန်ကျခံ ရပါတယ်။ သို့သော် ကျွန်တော်တို့က အောက် ဖော်ပြပါ ကုန်စည်တစ်မျိုး သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်း တစ်မျိုးမျိုးနဲ့ စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန် မကျသင့်စေရဆိုတဲ့ အတွက် Supply Chain ကြီးတစ်ခုလုံးကို Excemption ပေးလိုက်တာပါ” ဟု ၎င်းကဆိုသည်။ ပြည်ထောင်စု အခွန်အကောက်ဥပဒေကို ဒုတိယအကြိမ်အဖြစ် အစိုးရအဖွဲ့မှ လွှတ်တော်သို့ တင်သွင်းခြင်းဖြစ်ပြီး ဇန်နဝါရီ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ် မြောက်အစည်းအဝေးတွင် ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာနက တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဟာ WTO အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။ WTO ရဲ့ General Agreement on Tarrif and Trade Article 3 ပါပြဋ္ဌာန်းချက်ဖြစ်တဲ့  National Inter-taxiation and Regulation နဲ့ကို ညီစေရန်လည်းကောင်း၊ နောက်တစ်ခါ ကျွန်တော်တို့ဟာ Regional Integration ထဲကို သွားနေတာဖြစ်တဲ့အတွက် အဲ့ဒီမှာ Comprehensive Framework  ရှိပါ တယ်။ ဒါကြောင့်မို့လို့ ASEAN Comprehensive Agreement မှာပါတဲ့ National Treatment Agreement မှာပါတဲ့ ပြဋ္ဌာန်း ချက်နဲ့ ကိုက်ညီစေပြီးတော့ ပြည်တွင်းနေ ပြည်ပနေ ခွဲခြားဆက်ဆံမှု မဖြစ်စေဘဲနဲ့ ပြည်ပရင်းနှီးမြ§ုပ်နှံမှုကိုလည်း ပိုမိုဆွဲဆောင်မှု ရှိစေရန် အတွက်လည်းကောင်း၊ အခြေခံကုန် စည်တွေဖြစ်ပြီးတဲ့အတွက်ကြောင့် ကုန်သွယ်လုပ်ငန်းခွန် လုံးဝကင်းလွတ်ခွင့် ပေးလိုက်ခြင်း ဖြစ်ပါတယ်” ဟု ဦးဇေယျကြည်ညွန့် က ပြောကြားသည်။
၂ဝ၁၅ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကြမ်းကို အများပြည်သူ သိရှိလေ့လာအကြံပြုနိုင်ရန်အတွက် ဇန်န ဝါရီ ၂၄ ရက်တွင် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေမူကြမ်း ပူးပေါင်းကော်မတီမှ ဖေဖော်ဝါရီ ၆ ရက်နောက်ဆုံးထား အကြံပြုနိုင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းအရ အထူးကုန်စည် ၁၈ မျိုးဖြစ်သည့် စီးကရက်ကိုလက်ရှိကောက်ခံ နေသည့်နှုန်းထားထက် ရာခိုင်နှုန်း ၂ဝ၊ ဆေး ရွက်ကြီး၊ ဗာဂျီးနီးယားပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက် ဆေးများ၊ ကွမ်းစားဆေးအမျိုးမျိုး၊ အရက် အမျိုးမျိုး၊ ဘီယာအမျိုးမျိုးတို့အား လက်ရှိနှုန်း ထားထက် ၁ဝ ရာခိုင်နှုန်း ထပ်တိုးကောက်ခံ သွားမည်ကြောင်း သိရသည်။ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့် အခြားအဖိုးတန် ကျောက်မျက်ရတနာ အချောထည်များနှင့် လက်ဝတ်ရတနာများကို လက်ရှိကောက်ခံနေသည့် အခွန်နှုန်းထားထက် ၁ဝ ရာခိုင်နှုန်း၊ အရိုင်းထည်များအား ၁၅ ရာခိုင်နှုန်းလျှော့ချ ကောက်ခံရန်လည်း အဆိုပါမူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။  
 

Most Read

Most Recent