အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသည့် အချက်များအား လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံကာ ပြင်ဆင်ချက်များကို ယနေ့ရေးဆွဲမည်

အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသည့် အချက်များအား လေးပွင့်ဆိုင် ထပ်မံတွေ့ဆုံကာ ပြင်ဆင်ချက်များကို ယနေ့ရေးဆွဲမည်
Published 14 February 2015
စိုးမင်းထိုက်

အမျိုးသားပညာရေး ဥပဒေအပေါ် သပိတ်မှောက်ကျောင်းသားများ တောင်းဆိုသည့် အချက်များအား လေးပွင့်ဆိုင်တွေ့ဆုံပြီး ပြင်ဆင်ရေးဆွဲမှုများကို ဖေဖော်ဝါရီ ၁၄ ရက်(ယနေ့)တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။တွေ့ဆုံပွဲတွင် ပါဝင်သည့် ဒေါက်တာမြတ်ဉာဏစိုးက “ဒီပညာရေး ဥပဒေကြမ်းကို လေးပွင့်ဆိုင်တွေ့ဆုံပြီး ရေးဆွဲရမှာပေါ့။ အခု ညှိနှိုင်းချက်တွေ အရတော့ ပညာရေး ဝန်ကြီးဌာနကလည်း ပြန်လည်ရေးဆွဲမယ်လို့ အာမခံထားတယ်။ လွှတ်တော်အနေနဲ့ကတော့ ဒီဥပဒေကို သမ္မတလက်မှတ်ရေးထိုးပြီး အတည်ပြု ထုတ်ပြန်ထားတော့ လွှတ်တော်အနေနဲ့ကတော့ ပြင်ဆင်ဖို့ အဆိုတင်သွင်းလာမှ ဆက်လုပ်လို့ရမှာပေါ့။ ကျောင်းသားတွေရော၊ NNER ရော လက်မခံတာက ပညာရေးဝန်ကြီးဌာန တစ်ခုတည်းက ဆွဲတာကို လက်မခံကြဘူး။ ဒါကြောင့် လေးပွင့်ဆိုင် ရေးဆွဲရမှာပေါ့” ဟု ဆိုသည်။“ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ အကြံပြုရုံပဲ။ လွှတ်တော်ထဲရောက်ရင် ဘယ်လိုလော်ဘီ လုပ်ရမလဲပေါ့။ တကယ့်တကယ် လွှတ်တာ်ထဲရောက်လာမှ ကျွန်တော်တို့က ဆောင်ရွက်ရမှာလေ။ ကျောင်းသားတွေရဲ့ တောင်းဆိုချက်အရ ကျွန်တော်တို့က ပါဝင်ဆောင်ရွက်ရတဲ့ သဘောပဲ။ လေးပွင့်ဆိုင် ရေးဆွဲမယ်။ ကျွန်တော်တို့ကတော့ လွှတ်တော်ထဲရောက်ရင် ဘာတွေလုပ်သင့်တယ်ဆိုတာ ပြန်တင်ပြပေးမယ်။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့က ၆၆၀ သော လွှတ်တော်ကိုယ်စားလှယ်တွေကို အာမခံလို့ မရဘူးပေါ့။ လေးပွင့်ဆိုင်ထဲမှာပါတဲ့ ကိုယ်စားလှယ်တွေက ပါတီအသီးသီးက ဆိုပေမယ့် ပါတီကို ကိုယ်စားပြုလို့ မရဘူး။ ဒါကိုလည်း လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ ကျွန်တော်တို့က ရှင်းပြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။      

Most Read

Most Recent