ငြိမ်းချမ်းရေးဆိုင်ရာကတိပြုချက်အား ပြည်ထောင်စုနေ့တွင်လက်မှတ်ထိုးနိုင်ရန် ဆွေးနွေးနေကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူပြောကြား

ငြိမ်းချမ်းရေးဆိုင်ရာကတိပြုချက်အား ပြည်ထောင်စုနေ့တွင်လက်မှတ်ထိုးနိုင်ရန် ဆွေးနွေးနေကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူပြောကြား
Published 12 February 2015

ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဆိုသည့်ကတိပြုချက်ကို ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးနိုင်ရန် ဆွေးနွေးနေကြောင်း နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းထောက်များအားပြောကြားသည်။သတင်းထောက်တစ်ဦးမေးမြန်းသည့် ပြည်ထောင်စုနေ့တွင်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဦးရဲထွဋ်က "မနေ့ကတော့ သမ္မတကြီးနဲ့ KNU တို့ဆွေးနွေးတယ်။ လက်မှတ်ထိုးတာဆိုတာလည်း သဘောတူစာချုပ်မဟုတ်ပါဘူး။ ကတိပြုချက်သဘောမျိုးညှိနှိုင်းနေတာတော့ရှိပါတယ်။ Nationwide Ceasefire တော့မဟုတ်ဘူး။ ဒီနေ့သဘောတူတဲ့သူတွေကတော့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို ဆက်ပြီးတော့လုပ်သွားမယ်ဆိုတဲ့ကိစ္စနဲ့ ကတိပြုချက်ကို ထင်ဟပ်စေမယ့် ကြေညာချက်တစ်ခုကို ကျွန်တော်တို့လက်မှတ်ထိုးနိုင်ဖို့ကြိုးစားနေတယ်။ ထိုးဖြစ်မယ်လည်းထင်ပါတယ်" ဟု ပြန်လည်ဖြေကြားသည်။ထို့ပြင် ကျောင်းသားသပိတ်စစ်ကြောင်းအနီး ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေးများရယူထားခြင်းအပေါ် ဦးရဲထွဋ်က လုံခြုံရေးများအနေဖြင့် ကျောင်းသားများ၏အရေးပေါ်အခြေအနေ၌ ပါဝင်ကူညီရန်အတွက်သာဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

Most Read

Most Recent