အင်းစိန်မြို့နယ်မှ လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ကို သုံးရက်ဆက် ပြုလုပ်မည်

အင်းစိန်မြို့နယ်မှ လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ဗိုလ်ချုပ်အောင်ဆန်း ရာပြည့်ပွဲတော်ကို သုံးရက်ဆက် ပြုလုပ်မည်
Published 8 February 2015

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့် ပွဲတော်ကို အင်းစိန်မြို့နယ် ကြို့ကုန်းဘောလုံးကွင်းတွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ ရက်အထိ သုံးရက်ဆက်တိုက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်းရာပြည့် ဦးဆောင်ကော်မတီ (အင်းစိန်) ထံမှ သိရသည်။အင်းစိန်မြို့တွင် ပြုလုပ်မည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားတွင် စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများ၊ ကာတွန်းပြပွဲ၊ နိဗ္ဗာန်ဈေး ပွဲတော်များ အပါအဝင် ကျောင်းသား/ကျောင်းသူများအတွက် ဆောင်းပါး၊ ကဗျာ၊ စာစီစာကုံးနှင့် ဝတ္တုတို ပြိုင်ပွဲများလည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေး အဖွဲ့အစည်းတွေလည်း ပါတယ်။ ကျွန်တော်တို့ ပန်းချီအစည်းအရုံးတို့ စာရေးဆရာ သမဂ္ဂတို့လည်း ပါတယ်။ ဆရာတော်တွေက နာယကပေါ့။ အဓိက,ကတော့ သမိုင်းအဖျောက်ခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်တွေကို ပြန်လည်ဖော်ထုတ်ဖို့အတွက် ကျင်းပရခြင်း ဖြစ်ပါတယ်။ နောက်နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် အနေနဲ့ပေါ့ . . . . .

ဗိုလ်ချုပ်အောင်ဆန်းရာပြည့် ဦးဆောင်ကော်မတီ (အင်းစိန်) ၏ ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ကျယ်က “အင်းစိန်မြို့နယ်က အဖွဲ့အစည်းပေါင်းစုံ ပေါင်းပြီး လုပ်တာပေါ့။ နိုင်ငံရေး အဖွဲ့အစည်းတွေလည်း ပါတယ်။ ကျွန်တော်တို့ ပန်းချီအစည်းအရုံးတို့ စာရေးဆရာ သမဂ္ဂတို့လည်း ပါတယ်။ ဆရာတော်တွေက နာယကပေါ့။ အဓိက,ကတော့ သမိုင်းအဖျောက်ခံထားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ပုဒ်တွေကို ပြန်လည်ဖော်ထုတ်ဖို့အတွက် ကျင်းပရခြင်း ဖြစ်ပါတယ်။ နောက်နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် အနေနဲ့ပေါ့” ဟု ပြောကြားသည်။မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရေးအတွက် ဦးဆောင်ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် နှစ်တစ်ရာပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားများကို ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ နတ်မောက်မြို့နှင့် ရန်ကုန်မြို့ရှိ မြို့နယ်များ အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ မြို့နယ်အများအပြားတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနားများကို ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးများကို ပြည်သူများ ပိုမိုနားလည် သိရှိစေရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏အမည် အတ္ထုပ္ပတ္တိဂုဏ်ပုဒ်များ ပြန်လည်ဖော်ထုတ်နိုင်ရေး၊ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက် မူဝါဒများကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်နိုင်ရေးနှင့် ဗိုလ်ချုပ်အောင်ဆန်းကို အတုယူ တန်ဖိုးထားသော လူငယ်များထဲမှ အနာဂတ် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွန်းလာရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent