အားကစားဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ သမိုင်းဝင် ကျိုက္ကဆံကွင်းကို စီးပွားဖြစ်လုပ်ရန် စီစဉ်သည့်အပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူများအား ချပြရန် ပြည်ထောင်စုလွှတ်တော်၌ တောင်းဆို

အားကစားဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ သမိုင်းဝင် ကျိုက္ကဆံကွင်းကို စီးပွားဖြစ်လုပ်ရန် စီစဉ်သည့်အပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူများအား ချပြရန် ပြည်ထောင်စုလွှတ်တော်၌ တောင်းဆို
Published 3 February 2015

အားကစားဝန်ကြီးဌာနက ရန်ကုန်မြို့ရှိ သမိုင်းဝင် ကျိုက္ကဆံကွင်းကို စီးပွားဖြစ်လုပ်ရန် စီစဉ်သည့်အပေါ် ပွင့်လင်းမြင်သာမှုရှိစွာ ပြည်သူများအား ချပြရန် ဖေဖော်ဝါရီ ၃ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က တောင်းဆိုခဲ့သည်။ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဒုတိယခြောက်လ နိုင်ငံတော်၏ အရအသုံး စာရင်းများကို စစ်ဆေးရာတွင် တွေ့ရှိရသည့် စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ် ကန့်ကွက်ချက်များ၊ အရေးယူ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် စပ်လျဉ်း၍  ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက် အစီရင်ခံ စာ(၁/၂၀၁၅)နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ဒေါ်ခင်စန်းလှိုင်က ထည့်သွင်းတောင်းဆိုခဲ့ခြင်း ဖြစ်သည်။“ပွင့်လင်းမြင်သာမှုနဲ့ ပတ်သက်ရင် ကျွန်မတို့ လောလောဆယ်မှာပဲ အားကစား ဝန်ကြီးဌာနရဲ့ ရန်ကုန်မြို့မှာရှိတဲ့ သမိုင်းဝင် ကျိုက္ကဆံကွင်းကြီးကို ရောင်းချမှုရဲ့ အပေါ်မှာ ပြည်သူများအနေနဲ့ ပွင့်လင်းမြင်သာမှုရှိအောင် ချပြမှု မရှိတာကိုလည်း တွေ့ရှိရပါတယ်။ ရှင်းရှင်းလင်းလင်းရှိအောင် တင်ပြပေးစေ လိုပါတယ်။ နိုင်ငံတော်ကနေ ရရှိမယ့် အကျိုးအမြတ်ကို ပြည်သူလူထု အနေနဲ့ သိချင်ပါတယ်။ ဒါ့ကြောင့်မိုလို့ တစ်ဆက်တစ်စပ်တည်းပဲ ဒီသမိုင်းဝင် ကျိုက္ကဆံကွင်း ရောင်းချမှုနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြပေးရန်အတွက် အားကစားဝန်ကြီးဌာနကို ကျွန်မတို့ တောင်းဆိုပါတယ်” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လွှတ်တော်၌ တောင်းဆိုခဲ့သည်။

Most Read

Most Recent