အစိုးရသစ်သက်တမ်းတစ်လျှောက် ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၁၀၀၀၀ ကျော်ရှိခဲ့ရာ လိုငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်ကို အစိုးရက ငွေစက္ကူ ရိုက်ထုတ်ခြင်းဖြင့်ဖြေရှင်းနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ (ဗဟို) ဝေဖန်

အစိုးရသစ်သက်တမ်းတစ်လျှောက် ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၁၀၀၀၀ ကျော်ရှိခဲ့ရာ လိုငွေ၏ ရာခိုင်နှုန်း ၄၀ ခန့်ကို အစိုးရက ငွေစက္ကူ ရိုက်ထုတ်ခြင်းဖြင့်ဖြေရှင်းနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ (ဗဟို) ဝေဖန်
Published 3 February 2015
ဖြိုးဝေ

အစိုးရသစ်သက်တမ်းတစ်လျှောက်တွင် ဘတ်ဂျက်လိုငွေ ကျပ်ဘီလျံ ၁၀၀၀၀ ကျော်ရှိခဲ့ပြီး လိုငွေ၏ ၄၀ ရာခိုင်နှုန်းခန့်ကို အစိုးရက ငွေစက္ကူများရိုက်ထုတ်ခြင်းဖြင့် ဖြေရှင်းခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီ (ဗဟို) မှ ဦးမျိုးမြင့်က ဝေဖန်ပြောကြားသည်။အစိုးရ၏အသုံးစရိတ်များအား ပြည်သူများသိရှိခွင့်မရှိခဲ့သည့် ယခင်အစိုးရလက်ထက်မှ အစိုးရသစ်ကတာဝန်များ စတင်လွှဲပြောင်းရယူစဖြစ်သည့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေစုစုပေါင်းမှာ ၂၁၅၉၅၃၄ ကျပ်သန်းအထိရှိခဲ့ကြောင်း သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေစုစုပေါင်းမှာ ၁၉၅၃၇၁၂ ကျပ်သန်းဖြစ်ကာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် စုစုပေါင်းဘတ်ဂျက်လိုငွေမှာ ၂၉၂၆၈၉၈ ဒသမ ၈၉၈ ဘီလျံဖြစ်သည်။ လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင်မူ ဘတ်ဂျက်လိုငွေစုစုပေါင်းမှာ ၂၇၅၁ ဘီလျံကျပ်အထိဖြစ်ပေါ်နေကြောင်း သိရသည်။လက်ရှိအချိန်တွင် ရေးဆွဲနေသည့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်လိုငွေမှာ ကျပ်ဘီလျံ ၃၈၀၀ ကျော်အထိရှိနေပြီး ထိုကဲ့သို့ နှစ်စဉ်လိုငွေပြဘက်ဂျတ်ကိုသာရေးဆွဲနေခြင်းမှာ ဖြစ်သင့်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ စီးပွားရေးကော်မတီ(ဗဟို)မှ ဦးစိန်ဌေးကမေးခွန်းထုတ်သည်။
မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေပြဿ နာကို ပြည်သူတွေက ၄၀ ရာခိုင်နှုန်းလောက်အထိခံစားနေရတယ်။ ဆိုလိုတာက ဘတ်ဂျက်လိုငွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို ငွေရိုက်ထုတ်မှုနဲ့ ဖြေရှင်းနေရတယ်

မြန်မာနိုင်ငံတွင် ငွေကြေးရိုက်ထုတ်မှုများအဖြစ် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ၆၃ ၃၁ ဒသမ ၈၀ ဘီလျံ၊ ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင် ၆၇၂၂ ဒသမ ၆၂ ဘီလျံနှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ၉၀၄၆ ဒသမ ၁၉ ဘီလျံ ရိုက်ထုတ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထက် အနည်းငယ်လျော့နည်းရိုက်ထုတ်ခဲ့ကြောင်း မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင်ဖြစ်သူ ဒေါက်တာအောင်ကိုကိုက ပြောကြားသည်။"ဘတ်ဂျတ်လိုငွေကို ဘယ်လိုနည်းတွေနဲ့ဖြေရှင်းနေလည်း။ ငွေစက္ကူတွေရိုက်ထုတ်နေမှုနဲ့ပဲဖြေရှင်းနေလား။ ငွေတိုက်စာချုပ်တွေရောင်းချတာနဲ့ပဲ ဖြေရှင်းနေလား။ ပြည်ပချေးငွေတွေနဲ့ပဲဖြေရှင်းနေလား သိဖို့လိုတယ်" ဟု ဒေါက်တာအောင်ကိုကိုကမေးခွန်းထုတ်သည်။ယခင်တပ်မတော်အစိုးရလက်ထက်တွင် ဘက်ဂျတ်လိုငွေပြဿနာကို ငွေစက္ကူ ရိုက်ထုတ်ခြင်းဖြင့်သာ အဓိကဖြေရှင်းခဲ့ရပြီး အစိုးရငွေတိုက်စာချုပ်များရောင်းချမှုမှာလည်း ငွေဖောင်းပွမှုအခြေအနေကြောင့် အစိုးရငွေတိုက်ဘေလ်များနှင့် ကာလရှည်ငွေချေးစာချုပ်များကို စိတ်ဝင်စားမှုနည်းပါးခဲ့ကြောင်းနှင့် နိုင်ငံတကာတွင် မျက်နှာသာရမှုမရှိခြင်းကြောင့် ပြည်ပချေးငွေရရှိမှုနည်းပါးခဲ့ကြောင်း စီးပွားရေးပညာရှင်များကဝေဖန်ထားသည်။"မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်လိုငွေပြဿ နာကို ပြည်သူတွေက ၄၀ ရာခိုင်နှုန်းလောက်အထိခံစားနေရတယ်။ ဆိုလိုတာက ဘတ်ဂျက်လိုငွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို ငွေရိုက်ထုတ်မှုနဲ့ ဖြေရှင်းနေရတယ်ပေါ့ဗျာ။ ငွေတိုက်စာချုပ်တွေ ကာလရှည်ငွေချေးစာချုပ်တွေကြတော့ ငွေဖောင်းပွမှုကြောင့် ဝယ်ယူသူနည်းပါတယ်" ဟု ဦးမျိုးမြင့်ကဆိုသည်။