စာနယ်ဇင်းဘက်တော်သား ဗိုလ်ချုပ်အောင်ဆန်း ၊ ငရဲခွေးကြီးလွတ်လာပြီ ( A Hell Hound At Large )

စာနယ်ဇင်းဘက်တော်သား ဗိုလ်ချုပ်အောင်ဆန်း ၊ ငရဲခွေးကြီးလွတ်လာပြီ ( A Hell Hound At Large )
Published 18 January 2015
ဒေါက်တာခင်မောင်ညို

(ပြဇာတ်)
 
ပြကွက် (၁)
 
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂပုံကို Slide ဖြင့် ပြထားသည်။
 
မီးရောင်ကို Fadeout လုပ်ကာ မှောင်လိုက်ပါသည်။ ထို့နောက် အခန်းသစ်တစ်ခုသို့ ပြောင်းလဲသွားသည်။ ကျောင်းသားများပါဝင်သော ရုံးခန်းအပြင်အဆင်ဖြစ်သည်။ အပြင်ဆင်သည် စစ်မဖြစ်မီဖြစ်၍ အထူးဂရုစိုက်ရမည်။
 
နံရံတွင် အိုးဝေမဂ္ဂဇင်းဆိုင်းဘုတ်ကို ချိတ်ထားသည်။ စာအုပ်များ ကြမ်းပြင်တွင် ပုံနေပါသည်။ စားပွဲတွင် စာရွက်များ မသေမသပ်ရှိနေသည်။
 
မသေမသပ် ဝတ်စားထားသော ကိုအောင်ဆန်း စားပွဲနောက်မှာ ထိုင်၊ ကလောင်ကိုင်ကာ စာရေးနေသည်။
 
ဘေးမှ စစ်တုရင်ကစားသူနှစ်ယောက် သဲကြီးမဲကြီး အသံမြည်အောင် “ချက်”ဟု အော်ကာ စစ်တုရင်ကစားနေသည်။ 
 
ကိုအောင်ဆန်းခေါင်းကို ကုပ်နေစဉ် ကျောင်းသားတစ်ယောက်ဝင်လာစေ။ ထိုသူက ပင်နီတိုက်ပုံဝတ်ထားသည်ကိုတွေ့ရသည်။ စာအိတ်ကိုကိုင်ကာ ပြောသည်။
 
“အိုင်ဆေး ကိုအောင်ဆန်း၊ ကျောင်းအုပ်ကြီးရုံးခန်းက ပို့လိုက်တဲ့စာပါပဲ။ ကျုပ် လက်မှတ်ထိုးယူလိုက်ရတယ်”
 
“စာအိတ်မှာ ဘာရေးထားလဲ”
 
“မောင်အောင်ဆန်း အယ်ဒီတာ အိုးဝေမဂ္ဂဇင်းတဲ့။ ခင်ဗျားဆီကိုလာတဲ့စာ” စာအိတ်ကို ကိုအောင်ဆန်းလက်ထဲ ထည့်ပေးလိုက်သည်။
 
ကိုအောင်ဆန်းသည် စာအိပ်ကိုဖောက်လိုက်ကာ အသံထွက်ဖတ်လိုက်သည်။
 
Maung Aung San, Editor, O'wai Magazine, Student Union Building, Rangoon University
 
Aung San (Esq)
 
You are summoned to see the Principal in his office at 1 o'clock this afternoon.
 
Regards
 
D. J. Sloss
 
 “ကျောင်းအုပ်ကြီး ဆလော့စ်ပေးလိုက် တဲ့စာပဲ”
 
(သင့်အား ဒီနေ့ ၁ နာရီ ကျောင်းအုပ်ကြီးရုံးခန်းသို့ လာရောက်ရန် ဆင့်ခေါ်လိုက်သည်)
 
“ဒါသမ္မာန်စာပဲ”
 
“သမ္မာန်စာဖြစ်ဖြစ် တုန်ကင်းစာဖြစ်ဖြစ် ဂရုစိုက်စရာမလိုဘူး”
 
တစ်ယောက်တစ်ပေါက်ပြောကြသည်။
 
ကိုအောင်ဆန်း ဘာမှမပြောပေ။
 
“အိုင်ဆေး ကိုအောင်ဆန်း”တိုက်ပုံ အနက်ဖြင့်ဝင်လာသော အောင်ဆန်းလက်ထဲတွင် ကိုင်ထားသော စာကိုယူကြည့်ကာ ပြောသည်။
 
“ကျုပ်က Law ကျောင်းသားဗျ၊ ခင်ဗျားကို ကျောင်းသားအနေနဲ့ခေါ်တာ မဟုတ်ဘူး။ အယ်ဒီတာအနေနဲ့ခေါ်တာ။ အောက်မှာ လေးစားစွာဖြင့် (Regards) ဆိုပြီး ဆိုင်းထိုးထားတယ်။ ခင်ဗျား သွားသင့်တာပဲ”
 
“ကျုပ်သွားမှာပါ၊ မစ္စတာဆလော့စ်ကိုလည်း တွေ့ချင်နေတယ်”
 
ကိုအောင်ဆန်းသည် တည်ငြိမ်စွာပြောပြီး သူသည် တိုက်ပုံကိုကောက်ဆွဲသည်။ ပြီးတော့ ဒိုင်ယာရီစာအုပ်တစ်အုပ်ကို လက်ဝယ်ကိုင်ကာ အခန်းပြင်သို့ ထွက်သွားသည်။
 
ပြကွက် (၂)
 
ဘွဲ့နှင်းသဘင်ခန်းမကို အဓိပတိလမ်းမှ ရိုက်ထားသော Slide ကိုပြသည်။ ပြီးတော့ မီးမှိန်လိုက်ကာ အခန်းတစ်ခုကို ပြသည်။
 
ကျောင်းအုပ်ကြီးအခန်းကဲ့သို့ဖြစ်နေရန် အပြင်အဆင် ဂရုစိုက်ထားသည်။ မစ္စတာဆလောစ့်ကို ဇာတ်စင်၏ယာဘက်ကို ခပ်စောင်းစောင်းလေး မျက်နှာမူထားသည်။
 
ကျောင်းအုပ်ကြီးမစ္စတာဆလော့စ်အဖြစ်  မျက်နှာဖြူတစ်ယောက်ကို တွေ့ရသည်။မျက်မှန်ဂိုင်းအဝိုင်းတပ်ထားကာ။ နက်ကတိုင် နှင့် အနောက်တိုင်းဝတ်စုံပြည့် ဝတ်ထားသည်။
 
လက်တစ်ဖက်က စာရွက်ကို ကိုင်၊နောက် လက်တစ်ဖက်က ခဲတံကိုကိုင်ကာ ပါးစပ်နားကိုကပ်တာမျိုးလုပ်ပြီး ပါးစပ်မှ အသံထွက်ကာ ပြောသည်။
 
"Aung San Aung San" (အောင်းစန်း၊ အောင်းစန်း)ဟု အင်္ဂလိပ်သံဝဲဝဲနှင့် ရေရွတ်နေသည်။
 
ပြီးတော့ အင်္ဂလိပ်လို  These Burmese students are  rascals (ဟုပြောနေစဉ် အသံတိုးလိုက်ပြီး မြန်မာလို နောက်ခံပြောပါ)
 
မြန်မာကျောင်းသားတွေဟာ အင်မတန်ဆိုးကြတယ်။ တို့က သူတို့ကို တက္ကသိုလ်တည်ထောင်ပေးတယ်။ ယူနီဗာစတီဆိုတာ သူတို့နားမလည်ကြဘူး။ ဘုရင်ခံ ဆာဒေါက်ကလပ်ပြောသလိုပါပဲ၊ မြန်မာတွေ ပညာရေးနားမလည်ဘူးတဲ့။
 
“ဟားဟား မြန်မာတွေ ပညာရေးနားမလည်ဘူး”
 
They do not have any idea of education.
 
သူတို့ဟာ University Act ကို သပိတ်မှောက်ကြတယ်။
 
၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်က ကျောင်းသားလေးတွေ သပိတ်မှောက်တယ်။
 
မြန်မာနိုင်ငံ ဘုရင်ခံချုပ် ဆာဒေါက်ကလပ်တောင် ဒီကျောင်းသားလေးတွေကို ကြောက်သွားတယ်။
 
ဒီကျောင်းသားသပိတ်ကို မဖြိုခွဲနိုင်ရင် မြန်မာပြည်ကြီးဟာ အင်္ဂလိပ် ကိုလိုနီလက်အောက်ကနေ လွတ်သွားမယ်လို့ သူက အိန္ဒိယဘုရင်ခံချုပ်ထံ စာပို့ခဲ့တယ်။
 
ဒီကျောင်းသားတွေဟာ လူဆိုးတွေပါပဲ။ They are  rascals. သူတို့ဟာ အမျိုးသားကျောင်းထောင်တယ်။
 
ပြီးတော့ မက်ထရစ်ကျူလေးရှင်းမှာ အမှတ်တွေ ကောင်းကြတယ်။
 
ပြောသေးတယ်ဗျ။
 
သူတို့ဆရာတွေက သခင်ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးရာဇာတ် ဒီလူတွေကို မျိုးချစ်သူရဲကောင်းတွေလို့ မြန်မာပြည်သူတွေက ယူဆကြတယ်။ ဒီအမျိုးသားကျောင်းက ကျောင်းသားတွေကို ဖိနှပ်ရမယ်။ နှိပ်ကွပ်ရမယ်။
 
သူတို့ဟာ ဗြိတိသျှအင်ပါယာကို ဖျက်ဆီးမယ့်သူတွေဗျ၊
 
“ဟားဟား ဒါကိုကာကွယ်ရမယ်”
 
"Ha Ha Ha I must protect the emperor. God save the King"
 
မီးမှိန်ရာမှ ပိုပြီးလင်းလာပါစေ။ 
 
ဲပြကွက် (၃)
 
စောစောက setting အတိုင်းဆက်ထားပါ။
 
“ဒေါက်ဒေါက်”
 
တံခါး(ဇာတ်စင်ထောင့်)က လူငယ်လေး(မင်းစေ) တစ်ယောက် ခေါင်းပြူကာ ပြောစေ။
 
"A student called Aung San is at the door sir"
 
''O.K. လူ့ကလေး။ Let him in"
 
မသေမသပ်ဝတ်စားထားသော အောင်ဆန်း အခန်းထဲဝင်လာသည်။ (မျက်နှာတည် ငြိမ်လှသည်)
 
"Do sit down."
 
အောင်ဆန်းက ခုံကို အနည်းငယ်ရွှေ့ကာ ထိုင်လိုက်သည်။ (မျက်စိသည် မစ္စတာဆလော့စ်မျက်နှာတည့်တည့်ကို ကြည့်နေစေ)
 
Sloss: Are you Mr. Aung San
 
Aung San; Yes
 
Sloss: I see. Are you the editor of O'Wai magazine
 
Yes
 
Sloss: Lately we have a lot of controversy news about your O'Wai magazine.
 
Aung San: Of course you have.
 
Sloss: The most distracting thing is about an article.
 
Aung San: Which one?
 
Sloss: The name of the article is 'A Hell Hound At Large', which really is an insulting to the British Emperor.
 
Aung San: Is that so.
 
Sloss: Yes It is. So would you tell me who wrote the article 'A Hell Hound At Large'
 
မီဖြည်းဖြည်း မှိန်ပေးထားသည်၊ Slide ဖြင့် အိုးဝေမဂ္ဂဇင်းပုံ ထိုးပြသည်။ 'A Hell Hound At Large' စာမျက်နှာကို ဖော်ပြသည်။
 
နောက်ခံတီးလုံးဖြင့် 'A Hell Hound At Large' 'A Hell Hound At Large' ကို ဆိုသည်၊ ပဲ့တင်သံ Echo ဖြင့် အသံထွက်လာသည်။ မြန်မာလို ငရဲခွေးကြီးလွတ်လာပြီ ဟုလည်း ဆိုပေးသည်။ Volume ကြီးကြီး Drum ဖြင့် အသံများ ကျယ်လောင်စွာ ထွက်လာသည်။
 
ပြကွက် (၄) 
 
Sloss:  Tell me who wrote the article  'A Hell Hound At Large. In fact we have our intelligent and we know the writer of the article. But we want to hear your words.
 
Aung San: Mr. Sloss, I am the editor of O'Wai magazine. You know the editor's ethic.
 
Sloss: Of course I do.
 
Aung San:  We have the ethic. You must have heard the journalist ethic and their code of conduct. So I am sorry to say that i cannot tell the name of the writer.
 
(မြန်မာလို နောက်ခံတစ်ကြောင်းလောက် ရှင်းပြသည်။ ကိုအောင်ဆန်းသည် စာနယ်ဇင်းကျင့်ဝတ်အရ ငရဲခွေးကြီးလွတ်လာပြီဆိုတဲ့ ဆောင်းပါးရေးသူအမည်ကို မပြောပါဘူး)
 
Sloss: Mr. Aung San, if you do not tell us the name of the writer, we will have to take action on you. However if you just say the name of the writer of that article we won't take any action on you.
 
Aung San: Mr. Sloss, I really appreciate your work. But as an editor I will never say a word about the author of the article.
 
Sloss: Get out of my room. Get out. You are dismissed from the university.
 
Aung San: ထိုင်ရာမှ ထပြီး   'A Hell Hound At Large' ဟု ကြွေးကျော်။
 
နောက်ခံတီးလုံးဖြင့် 'A Hell Hound At Large' 'A Hell Hound At Large' ကို ဆိုသည်၊ ပဲ့တင်သံ Echo ဖြင့် အသံထွက်လာသည်။ မြန်မာလိုငရဲခွေးကြီးလွတ်လာပြီ ဟုလည်း ဆိုပေးသည်။ Volume ကြီးကြီး Drum ဖြင့်အသံများ ကျယ်လောင်စွာ ထွက်လာသည်။
 
ပြကွက် (၅) 
 
အဓိပတိလမ်းမနှင့် ဘွဲ့နှင်းသဘင်၊ သစ်ပုပ်ပင်နောက်တော့ ကျောင်းသားသမဂ္ဂ တစ်ခုချင်းကို နောက်ခံပြသည်။
 
ကျောင်းသားများ စုဝေးနေကြသည်။
 
“အောင်ဆန်းကို ကျောင်းထုတ်လိုက်ပြီ”
 
(ဆိုင်းဘုတ်စာတန်းများကို မြှောက်လိုက်ကြသည်။ ဆိုင်းဘုတ်များတွင်)
 
“ကျွန်ပညာအလိုမရှိ”
 
“ငရဲခွေးကြီးလွတ်လာပြီ”
 
'A Hell Hound At Large'
 
သပိတ်သပိတ် မှောက်မှောက်။
 
မီးတုတ် မီးတုတ် ရှို့ရှို့
 
အရေးတော်ပုံ အောင်ရမည်။
 
(နောက်ခံစကားပြော)
 
အရေးတော်ပုံ အောင်မြင်ခဲ့ပါတယ်။
 
မစ္စတဆလော့စ်ဟာ ကျောင်းအုပ်ကြီးရာထူးမှ နုတ်ထွက်သွားရပါတယ်။
 
ဦးဖေမောင်တင်ဟာ ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်လာပါတယ်။ (ဦးဖေမောင်တင်ပုံ ဆလိုက်ဖြင့် ပြသည်)
 
စာနယ်ဇင်းဘက်တော်သားအစစ်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း သိ့ုမဟုတ် ကိုအောင်ဆန်းကို ဒီပြဇာတ်ဖြင့် ဂုဏ်ပြုပါတယ်။
 
ကျောင်းသားများနှင့် အောင်ဆန်း စင်ပေါ်ထွက်လာပါစေ။ အားလုံးလက်ပြနှုတ်ဆက်ပါ။
 
ငရဲခွေးကြီးလွတ်လာပြီ (A Hell hound At Large) ကို သီဆိုကြပါ။

Most Read