(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အောင်မြင်မှုကို အာရှအားကစား ပြိုင်ပွဲတွင်ပါ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည့် မြန်မာပိုက်ကျော်ခြင်း

(၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်အောင်မြင်မှုကို အာရှအားကစား ပြိုင်ပွဲတွင်ပါ ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည့် မြန်မာပိုက်ကျော်ခြင်း
Published 28 December 2014

တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၁၄ အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့က အားကစားနည်း ၁၀ မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေ နှစ်ခု၊ ငွေ တစ်ခု၊ ကြေး တစ်ခု ဆွတ်ခူးရရှိခဲ့သည်။ ယင်းဆုတံဆိပ် အားလုံးကို ရယူပေးနိုင်ခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအဖွဲ့ကို ၂၀၁၄ ခုနှစ်၏ အအောင်မြင်ဆုံး အားကစားအဖွဲ့အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။မြန်မာပိုက်ကျော်ခြင်းအဖွဲ့သည် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေ လေးခု၊ ငွေ လေးခု၊ ကြေး နှစ်ခု ဆွတ်ခူးရယူနိုင်ခဲ့ပြီး ယင်းအောင်မြင်မှုကို အာရှအားကစား ပြိုင်ပွဲတွင်ပါ ဆက်လက်ပြသနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာပိုက်ကျော်ခြင်း အဖွဲ့အတွက် ရွှေတံဆိပ်နှစ်ခုကို နှစ်ယောက်တွဲ အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းတို့က ရယူပေးခဲ့ပြီး အမျိုးသမီး အသင်းလိုက် ပြိုင်ပွဲတွင် ငွေဆုနှင့် အမျိုးသားသုံးယောက်တွဲ ပြိုင်ပွဲတွင် ကြေးဆုတို့ ရယူနိုင်ခဲ့သည်။ နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရယူပေးနေသည့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်မှာ အောက်တိုဘာလအတွင်းက ကမ္ဘာ့စူပါစီးရီး ပြိုင်ပွဲကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခဲ့သည်။

Most Read

Most Recent