ပြိုင်ပွဲများ ဆက်တိုက် ကျင်းပလာနိုင်သည့် နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများ

ပြိုင်ပွဲများ ဆက်တိုက် ကျင်းပလာနိုင်သည့် နိုင်ငံတကာ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများ
Published 28 December 2014

မြန်မာ့ရိုးရာ လက်ဝှေ့သမားများနှင့် နိုင်ငံတကာမှ လက်ဝှေ့သမားများ၏ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများမှာ ယခင်က တစ်နှစ်လျှင် တစ်ပွဲ၊ နှစ်ပွဲသာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင်မူ ပွဲအရေအတွက် များပြားလာခဲ့ပြီး ဆက်တိုက်နီးပါး ကျင်းပလာနိုင်ခဲ့သည်။မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲသွင်းသူများ အနေဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့သမားများကို ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများတွင်ပါ ပွဲစီစဉ်မှု များပြားလာခဲ့သည်။ ယခင်က မြန်မာလက်ဝှေ့သမားများ အနိုင်ရနိုင်သည့် ကစားသမားများကိုသာ ဖိတ်ခေါ်၍ ထိုးသတ်နေသည့် အစဉ်အလာကို ချိုးဖျက်ပြီး ၂၀၁၄ ခုနှစ်အတွင်း၌ မြန်မာလက်ဝှေ့သမားများနှင့် သူတင်ကိုယ်တင် ထိုးသတ်နိုင်သည့် လက်ဝှေ့သမားများအား ပွဲသွင်းလာခဲ့သောကြောင့် မြန်မာပရိသတ်များ၏ တစ်ခဲနက်အားပေးမှုကို ရယူနိုင်ခဲ့သည်။ ယခုနှစ်အတွင်း အထူးခြားဆုံးပွဲ ဖြစ်ခဲ့သည်မှာ ဒီဇင်ဘာ ၇ ရက်က မျှော်စင်ကျွန်းတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် အမေရိကန် လက်ဝှေ့သမား ဆိုင်းရပ်စ်နှင့် မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းတို့၏ပွဲ ဖြစ်သည်။ ယင်းပွဲတွင် ဆိုင်းရပ်စ်၏ နောက်ပြန်ကန်ချက်ကြောင့် ထွန်းထွန်းမင်း ရှုံးနိမ့်ခဲ့ရပြီး နိုင်ငံတကာ လက်ဝှေ့သမားများနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် စိန်ခေါ်ပွဲများတွင် ပထမဆုံး ရှုံးနိမ့်ခဲ့သည့် မြန်မာပြည် ချန်ပီယံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။မြန်မာ့ရိုးရာ လက်ဝှေ့လောကအတွက် ၂၀၁၄ ခုနှစ်မှာ ပရိသတ်များ၏ ပိုမိုစိတ်ဝင်စားမှုကို ခံရသည့်နှစ် ဖြစ်ခဲ့သောကြောင့် မြန်မာအားကစားလောက၏ ထင်ရှားမှုအဖြစ် ရွေးချယ်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent