ကုလသမဂ္ဂ၊ နိုင်ငံတကာမျက်နှာစာနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ယုနှင့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန Under Secrestary for International Multilateral Affairs,H.E.Dr.Abdullah Al-Tayer တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ဆော်ဒီနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနတွင် အောက်တိုဘာ ၁၆ ရက်က ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးတင်ယုနှင့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာန Under Secrestary for International Multilateral Affairs,H.E.Dr.Abdullah Al-Tayer တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂ၊ နိုင်ငံတကာမျက်နှာစာနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များတွင် နှစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-ဆော်ဒီ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်အောင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်သွားရေး၊ လာမည့်နှစ်များအတွင်း စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အမြင်သဘောထားများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။