တရုတ်နိုင်ငံ၌ ကျင်းပသည့် တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

တရုတ်နိုင်ငံ၌ ကျင်းပသည့် တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
Published 17 October 2023

တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တို ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပလျက်ရှိသည့် တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ နစကအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေကြောင်း သိရသည်။

တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ ဖိတ်ကြားမှုအရ အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံ ပေကျင်းမြို့၌ ပြုလုပ်မည့် တတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်ရန် ဗိုလ်ချုပ်ကြီးမြထွန်းဦး  ခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန (၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနတို့မှ အဆင့်မြင့်အရာရှိကြီးများသည် ဖိုရမ်၏ခေါင်းစဉ်အလိုက် ပါဝင်တက်ရောက်ဆွေးနွေးနိုင်ရန် လိုက်ပါသွားကြောင်း သိရသည်။ 

Most Read

Most Recent