ရုရှားနိုင်ငံ Moscow Oil Refinery သို့  စွမ်းအင်ဝန်ကြီးသွားရောက်လေ့လာပြီး မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက်ပြုပြင်ခြင်းတွင် ရင်းနှီးမြှုပ်နှံရန်ဆွေးနွေး

ရုရှားနိုင်ငံ Moscow Oil Refinery သို့  စွမ်းအင်ဝန်ကြီးသွားရောက်လေ့လာပြီး မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည်ဆောက်ပြုပြင်ခြင်းတွင် ရင်းနှီးမြှုပ်နှံရန်ဆွေးနွေး
Published 14 October 2023

ရုရှားနိုင်ငံ မော်စကိုမြို့ ၌ရောက်ရှိနေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၃ ရက် တွင် ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ မော်စကိုမြို့ရှိ Gazprom ကုမ္ပဏီ၏ Moscow Oil Refinery သို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Moscow Oil Refinery စက်ရုံအစည်းအဝေး ခန်းမသို့ရောက်ရှိရာ Gazprom ကုမ္ပဏီ တာဝန်ရှိသူများက စက်ရုံသမိုင်းကြောင်း၊ စက်ရုံ လည်ပတ်ပြီး စက်သုံးဆီအမျိုးမျိုး ထုတ်လုပ် နေမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံတွင် ရေနံချက်စက်ရုံအသစ်တည်ဆောက်ရန် နှင့် လက်ရှိစက်ရုံများကို အဆင့်မြှင့်တင် ပြုပြင်မွမ်းမံရန် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ ရေနံချက်စက်ရုံအသစ် တည်ဆောက်ရာတွင် Petrochemical Complex အဆင့်အထိ တည်ဆောက်၍ ရေနံထွက်ပစ္စည်းအမျိုးမျိုး ကို ထုတ်လုပ်သွားရန် ရည်မှန်းဆောင်ရွက်နေ ပါကြောင်း၊ ရေနံချက်စက်ရုံများနှင့် ပတ်သက် သည့် နည်းပညာအကူအညီများ ပံ့ပိုးပေး စေ လိုကြောင်း၊ ွဖေစမသာ ကုမ္ပဏီအနေဖြင့် လည်း မြန်မာနိုင်ငံတွင် ရေနံချက်စက်ရုံ တည် ဆောက်ပြုပြင်ခြင်းလုပ်ငန်းများတွင် ဝင် ရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းများ ရှိကြောင်း၊ ရေနံချက်စက်ရုံတည် ဆောက်ခြင်း နည်းပညာနှင့် ရေနံချက်လုပ်ခြင်းနည်းပညာ များကို သင်တန်းများ ဖွင့်လှစ်ပို့ချပေး စေလို ကြောင်း ဆွေးနွေးပြောကြားပြီး သိရှိလို သည် များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံ ဃသညအမသူ ျွသသာ ၊ ဓာတ်ခွဲ ခန်းနှင့် ွမနနည ဗမနေ တို့သို့သွားရောက်၍ ရေနံထွက်ပစ္စည်းများထုတ်လုပ်နေမှုနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို လှည့်လည် ကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံ မော်စ ကိုမြို့ရှိ သြျခသတ ဥငူ ျွန်ငညနမပ ကို ၁၉၃၈ ခုနှစ်က စတင်လည်ပတ်ခဲ့ပြီး စက်ရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို နှစ်အလိုက် အ ဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ယခုအခါတစ်နှစ် လျှင် ရေနံစိမ်း ၁၂ ဒသမ ၅ မက်ထရစ်တန်သန်းခန့်ချက်လုပ်နိုင်သည့် နိုင်ငံတကာ အ ဆင့်မီ ရေနံချက်စက်ရုံတစ်ရုံအဖြစ် အဆင့် မြင့် ဓာတ်ဆီ၊ ဒီဇယ်အပါအဝင် ရေနံထွက် ပစ္စည်းအမျိုးအမယ်ပေါင်း ၃၀ ကျော် ထုတ် လုပ်ဖြန့်ဖြူးပေးလျက်ရှိပြီး အဆိုပါ စက်ရုံ သည် ကုန်ကြမ်းပမာဏ၏ ၉၉ ဒသမ ၅ ရာခိုင် နှုန်းအထိ ကုန်ချောထုတ်လုပ်နိုင်ပြီး ရေနံ ချက်လုပ်ခြင်းများကြောင့် ဖြစ်ပေါ်လာ နိုင်သည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု များကို လျှော့ချ၍ ကုန်ထုတ်လုပ်မှုလုပ် ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။