ပါလ်မာဟာ စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ မမျှော်လင့်ဘဲရရှိခဲတဲ့ အဖိုးထိုက်ရတနာဖြစ်ခဲ့တယ်။ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ဘက်မန်စီးတီးအသင်းထံကနေ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တဲ့ မျှော်လင့်ခြင်းနိုင်ငံလည်းဖြစ်တယ်။ ချယ်လ်ဆီးပရိသတ်တွေ ကာလရှည်ခံစားနေရတဲ့ ဝေဒနာဆိုးတွေအတွက် ဖြေဆေးလည်းဖြစ်တယ်။ ချယ်လ်ဆီး အသင်းနည်းပြပိုချက်တီနိုကတော့ ပါလ်မာဟာ ရဲရင့်သူတစ်ဦးလို့ ချီးကျူးခဲ့ပြီး၊ ဗြိတိန်မီဒီယာ Daily Mail ကတော့ ပါလ်မာဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ချယ်လ်ဆီးအသင်းအတွက် အကျိုးသက်ရောက်မှုကြီးတဲ့ ခေါ်ယူမှုတစ်ခုဖြစ်သလို၊ တော့ဒ်ဘိုလီလက်ထက် ချယ်လ်ဆီးအသင်းရဲ့ အကောင်းဆုံးလုပ်ဆောင်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ ဖော်ပြခဲ့တယ်။ တကယ်ပဲ ပါလ်မာဟာ အခက်အခဲတွေအကြားရုန်းထရမယ့် ချယ်လ်ဆီးအသင်းအတွက် လာခြင်းကောင်းသူလား။ ဆုဖလားအောင်ပွဲတွေဆီ တစ်ကျော့ပြန်ချီတက်မယ့် စတမ်းဖို့ဒ်ဘရစ်ချ်ရဲ့ အနာဂတ်သစ်အတွက် ရဲရင့်စွာဦးဆောင်ပေးမယ့် စစ်သူကြီးတစ်ဦးလား။ ဒီလိုချီးကျူးမှုတွေ၊ မျှော်လင့်ချက်တွေနဲ့ ထိုက်တန်အောင်လည်း ပါလ်မာရဲ့ ချယ်လ်ဆီးကစားသမားဘဝ ခြေလှမ်းအစဟာ တည်ငြိမ်မှု၊ ယုံကြည်မှုတွေနဲ့ သပ်ရပ်လှပခဲ့ပါတယ်။
ပါလ်မာသယ်ဆောင်လာတဲ့ အပြာရောင်အိပ်မက်များ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















