၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၉၇၆၁၄ ဘီလျံရှိပြီး GDP ၏ ၅၄ ဒသမ ၂၆ ရာခိုင်နှုန်းအထိရှိနေ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၉၇၆၁၄ ဘီလျံရှိပြီး GDP ၏ ၅၄ ဒသမ ၂၆ ရာခိုင်နှုန်းအထိရှိနေ
နှစ်အလိုက် GDP တိုးတက်နှုန်းကို တွေ့ရစဉ်
နှစ်အလိုက် GDP တိုးတက်နှုန်းကို တွေ့ရစဉ်
Published 13 October 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်းပြည်ပကြွေးမြီ ကျပ် ၉၇၆၁၄ ဘီလျံရှိပြီး GDP ၏  ၅၄ ဒသမ ၂၆ ရာခိုင်နှုန်းအထိရှိနေကြောင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာ ရင်းဆိုင်ရာအချက်အလက်များအရ သိရသည်။

နှစ်အလိုက် မြန်မာနိုင်ငံ၏ပြည်တွင်း ပြည်ပကြွေးမြီနှင့် GDP တွင် ပါဝင်မှုအခြေ အနေကို လေ့လာကြည့်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၂၀၇၂၅ ဘီလျံ၊ပြည်ပကြွေးမြီကျပ် ၁၃၉၇၄ ဘီလျံဖြင့် စုစုပေါင်းကြွေးမြီကျပ်၃၄၆၉၉ ဘီလျံရှိကာ GDP တွင် ၃၈ ဒသမ ၃၆ ရာခိုင် နှုန်းပါဝင်သည်။

၂၀၁၈ ခြောက်လအတွင်း ပြည်တွင်း ကြွေးမြီ ကျပ် ၂၂၂၈ရဘီလျံ၊ ပြည်ပကြွေးမြီ ကျပ် ၁၃၂၆၃ ဘီလျံဖြင့် စုစုပေါင်းကြွေးမြီ ကျပ် ၃၅၅၅၀ ဘီလျံရှိကာ GDP တွင် ၃၇ ဒသမ ၇၁ ရာခိုင်နှုန်းပါဝင်သည်။၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၂၅၂၄၄ဘီလျံ၊ပြည်ပကြွေးမြီကျပ်၁၅၅၀၆ ဘီလျံဖြင့် စုစုပေါင်း ကြွေးမြီ ကျပ်၄၀၇၅၀ ဘီလျံရှိကာ GDP တွင် ၃၈ ဒသမ ၇၁ ရာခိုင်နှုန်းပါဝင်သည်။၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၃၀၅၉ရဘီလျံ၊ ပြည်ပကြွေးမြီကျပ် ၁၇၀၄၀ ဘီလျံဖြင့် စုစုပေါင်းကြွေးမြီ ကျပ် ၄၇၆၃၇ ဘီလျံရှိကာ GDP တွင် ၄၂ ဒသမ ၂၄ ရာခိုင်နှုန်းပါဝင်သည်။၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်တွင်းကြွေးမြီ ကျပ် ၃၉၈၈၉ ဘီလျံ၊ ပြည်ပကြွေးမြီကျပ် ၁၈၃၆၇ ဘီလျံဖြင့် စုစုပေါင်းကြွေးမြီကျပ် ၅၈၂၅၆ ဘီလျံရှိကာ GDP တွင် ၅၃ ဒသမ ၈၃ ရာခိုင်နှုန်းပါဝင်သည်။၂၀၂၁-၂၀၂၂၊ ခြောက်လအတွင်း ပြည်တွင်းကြွေးမြီ ကျပ် ၄၂၄၄၄ဘီလျံ၊ပြည်ပကြွေးမြီကျပ် ၁၇၃၇၂ ဘီလျံဖြင့် စုစုပေါင်း ကြွေးမြီ ကျပ် ၅၉၈၁၆ ဘီလျံရှိကာ GDP တွင် ၅၂ ဒသမ ၇၁ ရာခိုင်နှုန်းပါဝင်သည်။၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်းကြွေးမြီ ကျပ် ၄၅၂၈၅ ဘီလျံ၊ပြည်ပကြွေးမြီကျပ်၂၂၃၂၉ဘီလျံဖြင့် စုစုပေါင်း ကြွေးမြီကျပ် ၆၇၆၁၄ ဘီလျံရှိကာ GDP တွင် ၅၄ ဒသမ ၂၆ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

ပြည်တွင်းကြွေးမြီများက GDP တွင် ပါဝင်မှုအနေဖြင့် ၂၀၁၇-၂၀၁၈တွင် GDP ၏ ၂၂ ဒသမ ၉၁ ရာခိုင်နှုန်း၊ ၂၀၁၈ ခြောက်လတွင် GDP ၏ ၂၃ဒသမ ၆၄ ရာခိုင်နှုန်း၊၂၀၁၈-၂၀၁၉တွင် GDP ၏ ၂၃ ဒသမ ၉၈ ရာခိုင်နှုန်း၊ ၂၀၁၉-၂၀၂ဝတွင် GDP ၏ ၂၇ ဒသမ ၁၃ ရာခိုင်နှုန်း၊၂၀၂၀-၂၀၂၁တွင် GDP ၏ ၃၆ ဒသမ ၈၆ ရာခိုင်နှုန်း၊၂၀၂၁-၂၀၂၂(ခြောက်လ)တွင် GDP ၏ ၃ရဒသမ ၄၀ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃တွင် GDP ၏ ၃၆ ဒသမ ၃၄ ရာခိုင်နှုန်းရှိသည်။

ပြည်ပကြွေးမြီများက GDP တွင် ပါဝင် မှုအနေဖြင့် ၂၀၁၇-၂၀၁၈ တွင် GDP ၏ ၁၅ ဒသမ ၄၅ ရာခိုင်နှုန်း၊၂၀၁၈ ခြောက်လတွင် GDP ၏ ၁၄ဒသမ ၀၇ ရာခိုင်နှုန်း၊၂၀၁၈-၂၀၁၉တွင် GDP ၏ ၁၄ ဒသမ ၇၃ ရာခိုင်နှုန်း၊ ၂၀၁၉-၂၀၂ဝတွင် GDP ၏ ၁၅ ဒသမ ၁၁ ရာခိုင်နှုန်း၊၂၀၂၀-၂၀၂၁တွင် GDP ၏ ၁၆ ဒသမ ၉၇ ရာခိုင်နှုန်း၊၂၀၂၁-၂၀၂၂(ခြောက်လ)တွင် GDP ၏ ၁၅ ဒသမ ၃၁ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃တွင် GDP ၏ ၁၇ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည်။

Most Read

Most Recent