ယူရို-၂၀၂၄ ခြေစစ်ပွဲများ ပွဲကြိုသုံးသပ်ချက်

ယူရို-၂၀၂၄ ခြေစစ်ပွဲများ ပွဲကြိုသုံးသပ်ချက်
Photo: Twitter
Photo: Twitter
Published 12 October 2023

စပိန် နှင့် စကော့တလန် (မြန်မာစံတော်ချိန် သောကြာနံနက် (၁း၁၅ နာရီ)

စကော့တလန်က ၅ ပွဲကစားပြီး ၁၅ မှတ် အပြည့်ရထားတယ်။ စပိန်က ၄ ပွဲကို ၉ မှတ်ရထားတယ်။ စကော့တလန်က တစ်ပွဲပို ကစားထားပြီး ၆ မှတ်ဖြတ်ထားတယ်။ ဒီပွဲသာ နိုင်ရင် စကော့တလန်က လက်ကျန် ၂ ပွဲမှာ စပိန်ကို တစ်ပွဲပို ၉ မှတ်သာ ဖြစ်သွားပြီး အုပ်စုဗိုလ်နေရာ သေချာသွားမယ်။ စပိန်ကတော့ အဝေးကွင်းမှာ ရှုံးထားတဲ့ စကော့တလန်ကို အိမ်ကွင်းမှာ လက်စားချေဖို့ ကြိုးစားရမှာ ဖြစ်သလို၊ အမှတ်မီဖို့ မျှော်လင့်ချက်အတွက်လည်း ကြိုးစားရမှာဖြစ်တယ်။ စပိန်က နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲမှာ ၁၃ ဂိုးအထိ သွင်းထားပြီး ဂိုးမြူးနေတဲ့အသင်းပါ။ စကော့တလန်က Form မိနေတဲ့အသင်းဆိုပေမဲ့ စပိန် အနိုင်ကစားလိမ့်မယ်။ 

ဆိုက်ပရပ်စ် နှင့် နော်ဝေ (မြန်မာစံတော်ချိန် သောကြာနံနက် (၁း၁၅ နာရီ)

နော်ဝေက ရမှတ်ပိုင်းအရ မျှော်လင့်ချက်ရှိနေသေးပေမဲ့ တကယ်တော့ အခွင့်အရေး နည်းပါတယ်။ စကော့တလန်နဲ့ စပိန်က အားကောင်းတဲ့အနေအထားမှာ ရှိနေသလို နော်ဝေက စပိန်အသင်းရဲ့ကွင်းမှာလည်း ကစားရဦးမယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် မျှော်လင့်ချက်တွေကို ဆုပ်ကိုင်ထားဖို့အတွက် နော်ဝေအသင်းဒီပွဲမှာ အနိုင်ကစားရပါမယ်။ နော်ဝေကိုပဲ ကြိုက်တယ်။ 

ခရိုအေးရှား နှင့် တူရကီ (မြန်မာစံတော်ချိန် သောကြာနံနက် (၁း၁၅ နာရီ)

နှစ်သင်းစလုံး ရမှတ် ၁၀ မှတ်စီနဲ့ အုပ်စုကို ဦးဆောင်နေကြတယ်။ ခရိုအေးရှားအသင်းက ၄ ပွဲနဲ့ ၁၀ မှတ်ရထားပြီး၊ တူရကီကတော့ ၅ ပွဲကစား ၁၀ မှတ်ရထားတယ်။ ဒါပေမဲ့ ဒီအုပ်စုမှာ ၅ သင်းရှိပြီး ၄ သင်းက မျှော်လင့်ချက်ရှိနေတဲ့အနေ အထားဖြစ်ကာ အာမေးနီးယား၊ ဝေးလ်စ်တို့ကလည်း ၇ မှတ်စီ ရထားလို့ ဒီပွဲမှာ အနိုင်ရဖို့ တော်တော် အရေးကြီးတယ်။ ခရိုအေးရှားက တူရကီအသင်းရဲ့ ကွင်းမှာတုန်းက ခက်ခက်ခဲခဲ ကစားခဲ့ပြီး ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ဒီပွဲကတော့ အိမ်ကွင်းမှာဖြစ်လို့ ခရိုအေးရှားအတွက် မျှော်လင့်ချက်က ပိုအားကောင်းနေတယ်လို့ ပြောရမယ်။ အိမ်ကွင်းမှာ အနိုင်ကစားခဲ့ရင် အုပ်စုကတက်ပြီး ခြေစစ်ပွဲအောင်ဖို့လည်း တော်တော်လေးအလားအလာကောင်းသွားမယ်။ ခရိုအေးရှား အခွင့်အရေးကို အသုံးချမှာပါ။ နိုင်ပွဲ ယူမယ်။ 

ဖာရိုးကျွန်းစုများ နှင့် ပိုလန် (မြန်မာစံတော်ချိန် သောကြာနံနက် (၁း၁၅ နာရီ)

ဖာရိုးကျွန်းစုနဲ့ ပိုလန်တို့ကြားမှာ ကွာခြားချက်က အများကြီးရှိတယ်။ အဆင့်အတန်းလည်း မတူဘူး။ ခြေလည်းမမျှဘူးလို့ ပြောရမယ်။ ဖာရိုးကျွန်းစုများက အိမ်ကွင်းမှာ အရင်ထက်စာရင် ရလဒ်ပိုင်း တိုးတက်လာတာ မှန်ပါတယ်။ ဒါပေမဲ့ ပိုလန်က ဥရောပရဲ့ ထိပ်တန်းအဆင့်ဖြစ်ပြီး နိုင်ပွဲအတွက် အားထုတ်စရာတောင် မလိုဘူး။ 

 

Most Read

Most Recent