တာမွေမြို့နယ်ရှိ 1 Stop Mart ဆိုင်တစ်ဆိုင်ကို ၁၅ နှစ်အရွယ် လူငယ်လေးဦး ဓားပြ ဝင်တိုက်ရာ သုံးဦး ဖမ်းဆီးရမိ

တာမွေမြို့နယ်ရှိ 1 Stop Mart ဆိုင်တစ်ဆိုင်ကို ၁၅ နှစ်အရွယ် လူငယ်လေးဦး ဓားပြ ဝင်တိုက်ရာ သုံးဦး ဖမ်းဆီးရမိ
■ ပုံစာ - တာမွေမြို့နယ် သြဘာလမ်းရှိ 1 Stop Martကို တွေ့ရစဉ် (Photo: CJ)
■ ပုံစာ - တာမွေမြို့နယ် သြဘာလမ်းရှိ 1 Stop Martကို တွေ့ရစဉ် (Photo: CJ)
Published 5 October 2023

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ 1 Stop Mart ဆိုင်တစ်ဆိုင်ကို ၁၅ နှစ်အရွယ် လူငယ်လေးဦး ဓားပြဝင်တိုက်ရာ သုံးဦး ဖမ်းဆီးရမိ‌ကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက် ညနေပိုင်းက တာမွေမြို့နယ် သြဘာလမ်းရှိ 1 Stop Mart အတွင်းသို့ လူငယ်လေးဦးမှ ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဟု အဆိုပါနေရာအနီးနေသူများထံမှ သိရသည်။

အောက်တိုဘာ ၄ ရက် ၊ ညနေပိုင်းက တာမွေမြို့နယ် ၊ သြဘာလမ်းနှင့် ဒဂုံသီရိလမ်းထောင့်တွင် ဖွင့်ထားသည့် 1 Stop Mart ဆိုင်အတွင်းသို့ အသက် ၁၅ နှစ်အရွယ်လူငယ်လေးဦးမှ ဝင််ရောက်ကာ ဓားပြတိုက်ခဲ့ကြောင်း၊ ဆိုင်တွင် CCTV တပ်ဆင် ထားသည့်အတွက် 1 Stop Mart Control Center မှ တွေ့ရှိပြီး သက်ဆိုင်ရာရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ဝင်ရောက်ဓားပြတိုက်သည့် လူငယ်လေးဦးမှာ ဆိုင်ဝန်ထမ်း အမျိုးသမီး၏ လည်ပင်းအား ဓားဖြင့် ထောက်ခဲ့ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးစဉ် အဆိုပါ အမျိုးသမီးအား ဓားစာခံ လုပ်ခဲ့ကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီးနေသူများ ပူးပေါင်းကာ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

“သြဘာလမ်းထဲက ဆိုင်မှာဖြစ်တာပါ။အသက် ၁၅ နှစ်အရွယ်လူငယ်လေးဦးက ဝင်ပြီးဆိုင်ကို ဓားပြတိုက်တာပါ။ဝန်ထမ်းကောင်မလေးကို ဓားထောက်ပြီး ဓားစာခံလုပ်တာပါ။ပတ်ဝန်းကျင်ကလူတွေကလည်း ပူးပေါင်းပြီး ဖမ်းဆီးပေးပါတယ်။သုံးဦးကို ဖမ်းဆီးရမိခဲ့ပါတယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲစခန်းမှ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

 

Most Read

Most Recent