အင်းတော်မြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးအား PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး ထိုးသွင်းဒဏ်များဖြင့် သတ်ဖြတ်ခံရ

အင်းတော်မြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးအား PDF ပူးပေါင်းအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ပြီး ထိုးသွင်းဒဏ်များဖြင့် သတ်ဖြတ်ခံရ
Published 4 October 2023

အင်းတော်မြို့နယ်တွင် ကျောင်းထိုင် ဆရာတော်တစ်ပါး ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခံရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

အောက်တိုဘာ ၁ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်၌ သံဃာတော်တစ်ပါး သတ်ဖြတ်ခံရ၍ ပျံလွန်တော်မူသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ရာ စက်တင်ဘာ ၂၆ ရက်တွင် အင်းတော်မြို့ နယ် ပင့်တင် ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဉာဏိက (သက်တော် ၅၃ နှစ်) ( ၀ါတော် ၃၃ ၀ါ) အား  KIA အဖွဲ့ဝင်များ နှင့် PDF  များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၁ ရက် မွန်းလွဲ ၁၂ နာရီတွင် ပင်ငယ်ကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကား လမ်းဘေးလယ်တောစပ်၌ ဆရာတော်အား ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာနှစ်ချက်ဖြင့် ပုပ်ပွ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း လုပ်ကြံသတ်ဖြတ်မှုများ ကြောင့် သံဃာတော် ၈၈ ပါးနှင့် သီလရှင် ဆရာကြီးတစ်ပါးတို့ ဘဝနတ်ထံပျံလွန်တော်မူ ခဲ့ပြီး အဆိုပါဖြစ်စဉ်များမှ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအ ရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း ပိတ်ဆို့စုံစမ်းရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

အလားတူ ပဲခူးတိုင်းဒေသကြီး ထန်းတ ပင်မြို့နယ် မင်းကျိုင်းကျေးရွာမှ ကျောင်းထိုင် ဆရာတော်တစ်ပါးအား PDF ပူးပေါင်းအဖွဲ့ က စက်တင် ဘာ ၂၄ ရက်တွင် ဖမ်းဆီးပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သေနတ်ဖြင့်ပစ်သတ်ခံရသည့် ဆရာတော်မှာ မင်းကျိုင်းကျေးရွာရှိ ဘုန်းကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဝေပုလ္လ (သက်တော် ၃၇ နှစ်၊ ၀ါတော် ၁၇ ၀ါ) ဖြစ်ပြီး ဆရာတော်သည် စက်တင်ဘာ ၂၄ ရက် ညပိုင်း တွင်ဖမ်းဆီးခံရပြီး သေနတ်ဖြင့် ပစ်ခတ်ခံရသ ဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ရာတွင်  ဆရာတော် ဥူးဝေပုလ္လ အား KIA နှင့် PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သဖြင့် လုံခြုံရးတပ်ဖွဲ့ဝင်များက ဖြစ်စဉ်အား စိစစ်ခဲ့ ရာ အဆိုပါကျေးရွာအတွင်း KIA နှင့် PDF အဖွဲ့ အင်အားခြောက်ဦးသည် ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ကျေးရွာဘုန်းကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်သူ ဥူးဝေပုလ္လ အား ဖမ်းဆီးခေါ်ဆောင်သွားကာ ကျေးရွာအနောက်ဘက်ရှိ မင်းကျိုင်း-ကြိမ် တောမြောင်းသွားလမ်းအရောက်တွင် သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဆရာ တော် ဥူးဝေပုလ္လ တွင် နဖူးကျည်ထိမှန်ပွင့် ထွက်ဒဏ်ရာတစ်ချက်၊ လည်ပင်းကျည်ထိမှန် ဒဏ်ရာတစ်ချက်၊ ဝဲပုခုံး ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ရရှိကာ ပျံလွန်တော်မူ သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက် ပိုင်း နိုင်ငံတစ်ဝန်း သံဃာတော်များ၊ ကျန်း မာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းများ၊ နိုင်ငံ ရေးပါတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများအပါအဝင် ဒလန်ဟု စွပ်စွဲသတ် ဖြတ်ခံရသူ ၆၃၀၀ ကျော်ရှိပြီဖြစ်သည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ် ခတ်မှုကြောင့် သေဆုံးသူသည် ၄၁၀၀ ကျော် ရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူ ညီစောင့်ရှောက်အသင်း (AAPP) ၏ စက်တင် ဘာ ၂၇ ရက် ထုတ်ပြန်မှုအရ သိရသည်။

သို့ရာတွင် AAPP  ဘက်မှ ထုတ်ပြန် ထားသည့် စာရင်းများသည် အချက်အလက် ခိုင်မာမှုမရှိဘဲ ဖောင်းပွနေသည့် စာရင်းအ ချက်များဖြစ်ကြောင်း နစကဘက်က တုံ့ပြန် ထားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက် ပိုင်း ပဋိပက္ခများအတွင်း အထက်ပါနှစ်ဖက် စာရင်းများအရ အရပ်သားသေဆုံးမှုဦးရေ သည် တစ်သောင်းကျော်ရှိပြီဖြစ်ကြောင်း သိ ရသည်။

Most Read

Most Recent