မြန်မာနိုင်ငံတွင် ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ဦးရေ နှစ်သန်းနီးပါး ရှိလာပြီးဖြစ်ကြောင်း UNOCHA ထုတ်ပြန် 

မြန်မာနိုင်ငံတွင် ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ဦးရေ နှစ်သန်းနီးပါး ရှိလာပြီးဖြစ်ကြောင်း UNOCHA ထုတ်ပြန် 
Published 3 October 2023

မြန်မာနိုင်ငံတွင် ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ဦးရေ နှစ်သန်းနီးပါး ရှိလာပြီးဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က ထုတ်ပြန်သည်။ 

မြန်မာနိုင်ငံတွင် ဖြစ်ပွားဆဲပဋိပက္ခနှင့် သဘာဝဘေးအန္တရာယ်များကြောင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ၊ အရပ်သားသေဆုံးမှုနှင့် အရပ်သားပိုင်ပစ္စည်းပျက်စီးဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး လူသားချင်းစာနာမှုဆိုင်ရာအခြေအနေများကိုလည်း ပိုမိုဆိုးရွားစေကြောင်း UNOCHA က ဆိုသည်။ 

ယခုအခါ လူဦးရေ နှစ်သန်းနီးပါးသည် မရေရာသောအခြေအနေများဖြင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး လူမှုဘဝကယ်ဆယ်ရေးအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အရပ်သားများအပေါ်ခြိမ်းခြောက်မှုသည် ပျံ့နှံ့လျက်ရှိလာပြီး နေပြည်တော်မှလွဲ၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများအားလုံးတွင် မြေမြှုပ်မိုင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုမှာ ဖြစ်ပေါ်လျက်ရှိသည်ကို ပထမဆုံးအကြိမ်အဖြစ် သိရှိရကြောင်း UNOCHA က ထုတ်ပြန်သည်။ 

ပြည်တွင်းနှင့် နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများသည် များပြားလာသော လိုအပ်ချက်များကို တုံ့ပြန်ကူညီနိုင်ရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ခုနှစ် ပထမနှစ်ဝက်အတွင်း လူဦးရေ ၁ ဒသမ ၈သန်းကျော်ကို အကူအညီများပေးနိုင်ခဲ့ကြောင်း၊ ဝင်ရောက်ကူညီခွင့်ဆိုင်ရာနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာအကန့်အသတ်များကြောင့် ကယ်ဆယ်ရေးအကူအညီ ပေးရန်စီစဉ်ကြိုးစားထားသည်များကို ကြာမြင့်စွာနှောင့်နှေးစေခြင်း သို့မဟုတ် ရွှေ့ဆိုင်းရခြင်းများ ဖြစ်ပေါ်စေလျက်ရှိပြီး ဘေးဒဏ်ခံရသူများနှင့် နေရပ်စွန့်ခွာရသူများကို ပိုမိုထိခိုက်ခံစားရစေကြောင်း UNOCHA က ထုတ်ပြန်သည်။ 

လက်ရှိအချိန်အထိ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးအစီအစဉ်နှင့် မိုခါမုန်တိုင်းတုံ့ပြန်ကူညီရေး အရေးပေါ်ရန်ပုံငွေတောင်းခံလွှာ နှစ်ရပ်စလုံးမှာ ရန်ပုံငွေပြည့်မှီရန် များစွာလိုအပ်နေသေးပြီး စုစုပေါင်းလိုအပ်ချက်၏ ၂၈ ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိထားကြောင်းနှင့် ဝင်ရောက်ကူညီရေး ကန့်သတ်ချက်များဖြည်လျှော့ပေးခြင်းနှင့်ထပ်တိုးရန်ပုံငွေရရှိရေးများသည် အရေးပေါ် လိုအပ်ချက်များကိုတုံ့ပြန်ကူညီမည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် အရေးတကြီး လိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent