ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ်  ၃၃၂၀ ဝန်းကျင်ရှိနေဟု သိရ

ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၁၀၀ စျေးသတ်မှတ်ထားပြီး ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ်  ၃၃၂၀ ဝန်းကျင်ရှိနေဟု သိရ
Published 3 October 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၁၀၀ စျေး  သတ်မှတ်ထားသော်လည်း အောက်တိုဘာ ၃ ရက်က ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ်  ၃၃၂၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြားငွေ ကြေးရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၁၀၀ စျေး သတ်မှတ်ထားသော်လည်း နိုဝင်ဘာ ၂၈ ရက်က ကျပ်၂၈၉၀ ဝန်းကျင်၊ ၂၇ ရက်က ကျပ် ၂၈၉၀ ဝန်းကျင်၊ ၂၆ ရက်က ကျပ် ၂၈၉၀ ဝန်းကျင်၊ ၂၅ ရက်က ကျပ် ၂၉၀၀ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် နိုင်ငံခြားငွေလဲနှုန်းတစ်ဒေါ်လာ ကျပ် ၂၉၉၀ ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၃ ခုနှစ် သြဂုတ်၈ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၃၇၀၀ ကျပ်၊ စင်ကာပူဒေါ်လာ ၂၅၀၀ ကျပ်၊ မလေးရှားရင်းဂစ် ကျပ် ၇၅၀ ၊ ထိုင်းဘတ် ကျပ် ၉၈.၅၀၊ တရုတ်ယွမ် ၄၇၀ ကျပ်၊ ဂျပန်ယန်း ၂၄ ကျပ်တို့ဖြစ်သည်။

နိုင်ငံခြားငွေများ တရားမဝင်ရောင်းဝယ်နေသည့် အွန်လိုင်းလုပ်ငန်းများကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း သြဂုတ် ၂၇ ရက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

Most Read

Most Recent