နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်

နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး ဌာနကြီးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်
Published 3 October 2023

ကိုယ်ရေးအချက်အလက်ဖိုင်တွင် မှတ်တမ်းရေးသွင်းရန် ပျက်ကွက်ခဲ့မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီး၏ ဌာနကြီးမှူးရဲမှူးချုပ် အောင်ဌေးမြင့်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့် ထောင်ဒဏ်  ၄ နှစ်ချမှတ်လိုက်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ အသေးစိတ်အခြေအနေကိုတော့ မသိရဘူး။ စွဲချက်နှစ်ခုနဲ့ တရားစွဲပြီး ပြစ်ဒဏ်ချလိုက်တာလို့ သိရတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ နိုင်ငံဖြတ်ကျော် မှုခင်းရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူး ရဲမှူးချုပ် အောင်ဌေးမြင့်အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ် လေးနှစ်ချမှတ်လိုက်ပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ပြစ်ဒဏ်ချမှတ်ခံလိုက်ရသည့် ရဲမှူးချုပ် အောင်ဌေးမြင့်သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုဌာနတွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းက ၎င်းလက်မှတ်ရေးထိုးထားသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုဌာနအစည်းအဝေးမှတ်တမ်းများ လူမှုကွန်ယက်တွင် ပျံနှံ့ခဲ့ဖူးကြောင်း သိရသည်။

နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ တွဲဖက်အတွင်းရေးမှူးရဲမှူးချုပ် အောင်ဌေးမြင့်အား ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ်၊ သတင်းထိန်ချန်မှုစွဲချက် ထောင်ဒဏ် တစ်နှစ်၊ စုစုပေါင်း ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent