Photo- Thai News
မြဝတီ-မဲဆောက်လမ်းမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့သော မြန်မာနိုင်ငံသား ၁၈ ဦး ဘန်ကောက်မြို့အနီး ရန်စစ်-နခေါင်နယုတ် လမ်းမကြီးဘေး ရန်စစ်ရပ် ထန်ဘုရီမြို့နယ်တွင် စက်တင်ဘာ၂၉ ရက်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုင်း နိုင်ငံ လုံခြံရေး ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူများသည် ဘန်ကောက်အနီး ရန်စစ်-နခေါင်နယုတ်လမ်းမကြီးတလျှောက် လုံခြုံရေးစစ်ဆေးမှု လိုက်လံဆောင်ရွက်နေစဉ် ကုန်ပစ္စည်းတင်ဆောင်လာသည့်ပုံစံ မသင်္ကာသော ကားတစ်စီးအားတွေ့ရှိ၍ စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ကုန် ပစ္စည်းများ တင်ဆောင်လာသည့်ပုံစံ အတိုင်း ထိုးသိပ်ထားသော တရားမဝင်မြန်မာနိုင်ငံသား ၁၈ ဦး နှင့် အသက် ၂၆ နှစ်အရွယ် ထိုင်းနိုင်ငံသား ယာဉ်မောင်းဖြစ်သူကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရသိရသည်။
အဆိုပါ ဖမ်းဆီးခံမြန်မာနိုင်ငံသားများသည် နယ်စပ် မြဝတီ -မဲဆောက်အနီး ဝမ်းကျောင်း တတ်ခရိုင်မှ တရားမဝင် ဝင်ရောက်လာပြီး လူကယ်ရီ ပွဲစားခ တစ်ဦးလျင် ဘတ်ငွေ ၁၅၀၀၀ မှ ၂၅၀၀၀ ဘတ်အထိ ပေးဆောင်ပြီး ဘန်ကောက်မြို့သို့ သွားရောက်ကြမည်သူများ ဖြစ်ကြောင်း သိရသည်။















