မူဆယ်မြို့နယ်တွင် ရွာစဉ်လှည့် ရေခဲချောင်းရောင်းသည့် စျေးသည်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

မူဆယ်မြို့နယ်တွင် ရွာစဉ်လှည့် ရေခဲချောင်းရောင်းသည့် စျေးသည်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
Published 1 October 2023
 ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ နယ် နမ့်အွမ်‌ကျေးရွာအုပ်စု ကောင်းဝိန်းရွာအ ဝင်၌ စက်တင်ဘာ ၃၀ ရက် မွန်းလွဲ ၃ နာရီခွဲခန့် က ရွာစဉ်လှည့် ရေခဲချောင်းရောင်းသည့် အ မျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရ ကြောင်း သိရသည်။

အဆိုပါ ပစ်သတ်ခံခဲ့ရသော အမျိုးသား မှာ အသက် ၃၈ နှစ်အရွယ် ဦးအောင်မျိုးဝင်း ဖြစ်ပြီး ယာဘက်ဗိုက် ကျည်ဖောက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ ၎င်းင်းသည် ရွာစဉ်လှည့်ကာ ရေခဲ ချောင်းရောင်းသည့်အလုပ် လုပ်ကိုင်နေသူဖြစ် ကြောင်း သိရသည်။

၎င်းအပစ်ခံခဲ့ရသောနေရာမှာ မူဆယ် ၁၀၅ မိုင် ပြည်ထောင်စုလမ်းနှင့် ကောင်းဝန်းရွာ အဝင် လမ်းထိပ်၌ဖြစ်ပြီး အပစ်ခံခဲ့ရသော နေရာအနီးဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သိရသည်။

“ကျွန်တော်တို့အသင်းကို သေနတ်ဒဏ် ရာတွေနဲ့တွေ့လို့ လာရောက်ကူညီပေးပါဆို လို့ သွားရောက်တော့ အဲဒီသူက သေနေပြီ။ ဒါကြောင့် မူဆယ်ပြည်သူ့ဆေးရုံကိုပို့ဆောင် ခဲ့ပါတယ်” ဟု ပါရမီလူမှုကူညီရေးအသင်း ၁၀၅ မိုင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါ သေနတ်ဖြင့်ပစ်ခတ်ခံရသူအား ပါရမီလူမှုကူညီရေးအသင်း ၁၀၅ မိုင်က မူ ဆယ်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင် ခဲ့ပြီး ၎င်းင်းအား မည်သည့်လက်နက်ကိုင်ဆောင် ထားသူများက အဘယ်ကြောင့် ပစ်သတ်ခံခဲ့ ရသည်ကို တာဝန်ရှိသူများက ဆက်လက်စုံ စမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်သည် ၁၀၅ မိုင်နှင့် နမ့်အွမ် ရွာကြား၌ ယခုနှစ်အတွင်း ပထမဦးဆုံးဖြစ်စဉ် ဖြစ်ပြီး မူဆယ်မြို့နယ်အတွင်း၌  စျေးသည်များ သေနတ်ဖြင့်ပစ်သတ်ခံရမှုများ၏ လက်သည် တရားခံများကို တိတိကျကျဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း မူဆယ်ဒေသခံများက ပြော ကြားသည်။

မူဆယ်မြို့နယ်၌ ယခင်ကလည်း တံမြက် စည်းရောင်းသူ၊ လျှပ်စစ်ပစ္စည်းရောင်းသူ၊ ဆိုင်ကယ်စျေးသည်များ၊ ကားသေးစျေးသည် များ စသည့်နယ်လှည့်ရောင်းချသူအချို့မှာ သတင်းပေးဟု သံသယဝင်ခံခဲ့ရကာ   ပစ်သတ် ခံရမှုများရှိခဲ့‌ကြောင်း မူဆယ်ဒေသခံများက ပြောကြားသည်။

  

Most Read

Most Recent