အီတလီစီးရီးအေပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 October 2023

ဘိုလော့ဂ်နာ - အမ်ပိုလီ (တနင်္ဂနွေညနေ ၅း၀၀ နာရီ)

အမ်ပိုလီဆီမှာ ရည်မှန်းချက်မရှိ၊ ဦးတည်ချက်မဲ့ ကစား ဟန်နဲ့ စိတ်ပျက်စရာပုံစံတွေပဲ တွေ့နေရတယ်။ ဘိုလော့ဂ်နာက အသင်းကောင်းတစ်သင်းဖြစ်ပြီး အိမ်ကွင်း မာကျောပါတယ်။ ဘိုလော့ဂ်နာ အိမ်ကွင်းနိုင်ပွဲ စရမယ်။

အူဒီးနီးစ် - ဂျီနိုအာ (တနင်္ဂနွေည ရး၃၀ နာရီ)

ဒီနှစ်သင်းတွေ့ဆုံတဲ့ နောက်ဆုံး (၄)ပွဲဆက် (၂)သင်း ပေါင်းသွင်းဂိုး (၂)ဂိုးအောက်သာရှိတယ်။ (၂)သင်းစလုံးဆီမှာ လည်း အားရစရာပုံစံမရှိသေးဘူး။ ဒါပေမဲ့ အိမ်ကွင်းအားသာချက် ရှိတဲ့ အူဒီးနီးစ်ကို ကြိုက်တယ်။

အတ္တလန်တာ - ဂျူဗင်တပ်စ် (တနင်္ဂနွေည ၁၀း၃၀ နာရီ)

အတ္တလန်တာရဲ့ အခုရာသီ အိမ်ကွင်းစွမ်းဆောင်ရည်က အားရစရာကောင်းတယ်။ ပြိုင်ပွဲစုံ အိမ်ကွင်း (၃)ပွဲဆက်အနိုင် ရထားပြီး ပွဲတိုင်းလည်း  Clean Sheet ရခဲ့တယ်။ ဂျူဗင်တပ်စ်ကလည်း ပြီးခဲ့တဲ့ ရာသီနဲ့ ခြားနားတဲ့ပုံစံကို ပြသနေတဲ့ အသင်း ဖြစ်ပြီး တန်ပြန်တိုက်စစ်ကစားပုံတွေ ကောင်းပါတယ်။ ဒါပေမဲ့ အဝေးကွင်းနောက်ဆုံးပွဲမှာတော့ ဆာဆူအိုလိုအသင်းကို ဂိုး ပြတ်ရှုံးနိမ့်ခဲ့ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့တယ်။ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရနိုင်တယ်။ အိမ်ရှင် ကို ပိုကြိုက်တယ်။

ရိုးမား - ဖရိုဆီနိုနီ (တနင်္လာနံနက် ၁း၁၅ နာရီ)

ရိုးမားက အိမ်ကွင်းနောက်ဆုံးပွဲမှာ အမ်ပိုလီကို ဂိုးပြတ်၊ ခြေပြတ် အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ပွဲတိုင်း ပုံစံကောင်းပြနိုင်လိမ့် မယ်လို့တော့ ယူဆလို့ မရသေးဘူး။ ဖရိုဆီနိုနီက တန်းတက်အ သင်းတွေထဲမှာ ရလဒ်ပိုင်းအကောင်းဆုံးပိုင်ဆိုင်ထားတဲ့အ သင်းပါ။ ရိုးမား အလွန်ဆုံး ကပ်နိုင်ဖို့ပဲ ရှိတယ်။

Most Read

Most Recent