နစကဥက္ကဋ္ဌနှင့် NCA ရေးထိုးခဲ့သည့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

နစကဥက္ကဋ္ဌနှင့် NCA ရေးထိုးခဲ့သည့် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး
Published 30 September 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် (KNU ဥက္ကဋ္ဌဟောင်း) စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့တို့ စက်တင်ဘာ ၃၀ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်းတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး သည်  ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအကြား NCA စာချုပ်ချုပ်ဆိုစဉ်က ကရင်အမျိုးသားအစည်း အဝေးအရုံး(KNU) ကိုယ်စားပါဝင်လက်မှတ် ရေးထိုးခဲ့သူဖြစ်ပြီး ယခုနှစ်မေလအတွင်း ကကျင်းပသည့် (၁၇) ကြိမ်မြောက် KNU  ကွန်ဂရက်တွင် KNU ခေါင်းဆောင်ပိုင်းပြန် လည်ရွေးချယ်ချိန်တွင် ထပ်မံဝင်ရောက် ရွေး ချယ်ခြင်းမပြုဘဲ တာဝန်မှအနားယူခဲ့သူဖြစ်ပြီး  လက်ရှိတွင် KNU  ဥက္ကဋ္ဌမှာ ပဒို စောကွယ် ထူးဝင်း(ယခင် KNU ဒုတိယဥက္ကဋ္ဌ) ဖြစ် သည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ များဖြစ်ပေါ်ပြီးနောက် KNU အဖွဲ့အတွင်း NCA စာချုပ်သည် ပယ်ပျယ်သွား ပြီးဖြစ် ကြောင်း ပြောကြားသူများရှိသလို  NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးဆိုင် ရာကိစ္စရပ်များကို ရှေ့ဆက်ဆောင်ရွက်သွား မည်ဟု ကြေညာချက်ထုတ်ပြန်သူများလည်း ရှိကာ NCA လမ်းကြောင်းအပေါ် အမြင်ကွဲ လွဲမှုများရှိနေသည်။

လာမည့် အောက်တိုဘာ ၁၅ ရက်တွင် NCA စာချုပ်ချုပ်ဆိုမှု ရှစ်နှစ်ပြည့်မြောက် မည်ဖြစ်ပြီး အဆိုပါရှစ်နှစ်ပြည့် အထိမ်းအ မှတ်အခမ်းအနားကို နိုင်ငံရေးအရ အနစ် သာရရှိရှိပြုလုပ်မည်ဖြစ်ကြောင်းနှင့် တိုင်း ရင်းသားခေါင်းဆောင်များကိုလည်း လက် လှမ်းမီသလောက် ဖိတ်ထား ကြောင်း၊  ပြည် ပနိုင်ငံများလည်း ယခုဖိတ်နေကြောင်း စက် တင်ဘာ ၂၈ ရက်က ကျင်းပသည့် နစက အ စည်းတွင် နစကဥက္ကဋ္ဌ၏ ပြောကြားသည်။      

“ကျွန်တော် personal အကုန်စာတွေ ရေးပြီးဖိတ်ပါတယ်။ တချို့ကလည်း တယ် လီဖုန်းနဲ့၊ တချို့ကလည်းစာနဲ့ရေးပြီး ဖိတ်တာ တွေရှိတယ်။ တချို့လာနိုင်တယ်လို့လည်း ပြောတာရှိတယ်။ တချို့ကတော့သူ လည်း မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့ သူတို့ကိုယ်စားလှယ်တွေ လွှတ်ပေးမယ်လို့ ပြောတာတွေရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထားရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ ပိုပြီးလိုလား တဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက် မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အကုန်တက်နိုင် ဖို့လိုပါတယ်။ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေ ကလည်းငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုလို့ ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက် လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်။ အမုန်းတရားတွေဖြစ်နေပြီးတော့ လုပ်နေ မယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ ပဲရှိတယ်။ ကျွန်တော်တို့ကတော့ သြလငညါ ၤသမတမေိ ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ် သွားမှာပဲ။ ရအောင်လုပ်သွားမယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားသည်။

အဆိုပါအခြေအနေပေါ်တွင် အားလုံး သံသယ ရှင်းရှင်း၊ အာဃာတကင်း ကင်းဖြင့် လုပ်မည်ဆိုပါက မိမိတို့ မျှော်မှန်းချက်လမ်း ကြောင်းသည် ရှောရှောရှုရှုရောက်မယ်ဆို သည်ကိုတွေ့ရကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။