နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိပြီး မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိပြီး မကြာမီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
Published 30 September 2023

နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပိုမိုပေးအပ်နိုင်ရေး စဉ်းစားဆောင်ရွက်လျက်ရှိပြီး မကြာမီထုတ်ပြန်ပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၂၉ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၅/၂၀၂၃)တွင် နစကဥက္ကဋ္ဌ က  ထိုသို့ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံ၏ အလုပ်လုပ် နိုင်စွမ်းမြှင့်တင်နိုင်ရေး အမြဲအလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ၏ ကုန် ထုတ်စွမ်းအားစုများ၌ပါဝင်သည့် နိုင်ငံ့ဝန် ထမ်းများ၏သက်သာချောင်ချိရေးကိုအ လေး ထားဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့ မှုများ၊ သက်သာချောင်ချိရေးကိစ္စများ၊ စရိတ် များကို တိုးမြှင့်ပေးခဲ့ကြောင်း၊ တစ်ဖက် တွင် လည်း ကုန်စျေးနှုန်းများ ကျဆင်းစေရေး စနစ် တကျ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထပ်မံ့၍ နိုင်ငံ့ဝန်ထမ်းများအတွက် ထောက်ပံ့ ငွေများ ပိုမိုပေးအပ်နိုင်ရေးစဉ်းစားဆောင်ရွက်လျက်ရှိပြီး မကြာမီအချိန်တွင် ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်နေသည့် နိုင်ငံသားများမှ ပြန်လည်ပေးပို့သည့် ငွေကြေးများသည်လည်း နိုင်ငံ၏ငွေကြေးလည်ပတ်မှုနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အ ထောက်အကူဖြစ်စေကြောင်း၊ ထို့ကြောင့် ၎င်းင်းတို့အတွက်ပိုမိုအကျိုးခံစားခွင့်(incentive) များ ရရှိရေးကိုလည်း စီမံဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် ဘဏ္ဍာငွေသုံးစွဲမှုများနှင့်ပတ် သက်၍ မလိုလားအပ်သည့်နေရာများတွင် အပိုငွေ များကုန်ကျမှုမရှိအောင် ချွေတာသုံး စွဲခြင်းဖြင့် ပိုလျှံမှုများကို အခြားဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနအလိုက်လုပ်ငန်းများ တိုးတက်အောင် မြင်မှုရှိစေရေး အပြန်ပြန်အလှန်လှန် စိစစ်၍ ကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ ထိ ထိရောက်ရောက် ဆောင်ရွက်ပြခြင်းဖြင့် အ လုပ်ဖြင့်သက်သေပြရန် တိုက်တွန်းလိုကြောင်း   နစကဥက္ကဋ္ဌ ပြောကြားသည်။

ထို့အတူ လက်တွေ့လုပ်ငန်းများဆောင် ရွက်ရာတွင် လုပ်ငန်းများ အောင်မြင်မှုရှိ၊ မရှိ စိစစ်ရန်နှင့်တိုးတက်မှုရှိအောင်ဆောင်ရွက် ရန်မှာ ဝန်ကြီးဌာနများအလိုက် ခန့်အပ် တာ ဝန်ပေးအပ်ထားသည့် ညွှန်ကြားရေးမှူး၊ ဦး ဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြား ရေး မှူးချုပ်များ၊ အမြဲတမ်းအတွင်းဝန်များက လုပ် ဆောင်ရန်တာဝန်ရှိကြောင်း၊ အစိုးရဌာန အကြီးအကဲများ၏ တာဝနသည် အရေး ကြီးပြီး ရည်မှန်းချက်တာဝန်များ အကောင် အထည်ဖော်မှုကို မျက်ခြည်မပြတ်ကြည့်၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ ဌာနဆိုင် ရာအကြီးအကဲများသည် ပြည်ထောင်စု ဝန်ကြီးများကို အာမခံချက်ပေးနိုင်ရမည် ဖြစ်ကြောင်း၊ အမှန်တကယ်အလုပ် လုပ်နိုင် သည့်သူများကို တာဝန်ပေးအပ်ရန်နှင့် အ မှန်တကယ် အလုပ်လုပ်ရန်လိုကြောင်း၊ ဝန် ကြီးဌာနများအနေဖြင့် ဝန်ထမ်းများနှင့်ဆွေး နွေးပွဲများပြုလုပ်၍ နိုင်ငံတော်၏ မူဝါဒများကိုချပြရှင်းလင်းဆောင်ရွက်ပေးသွား မည်ဆိုပါက မိမိတို့အစိုးရ၏ လုပ်ငန်းဆောင် ရွက်နေမှုများအပေါ် ထဲထဲဝင်ဝင် နားလည် သဘောပေါက်လာပြီး အလုပ်လုပ်နိုင်သည့် စွမ်းရည်များ တိုးတက်လာမည်ဖြစ် ကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။        

         

Most Read

Most Recent