ချယ်လ်ဆီးအသင်းသည် အသင်းနောက်ခံကစားသမား ကူကူရယ်လာအား ဇန်နဝါရီတွင် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။
အသက် ၂၅ နှစ်အရွယ်ရှိ စပိန်နောက်ခံကစားသမား ကူကူရယ်လာ သည် ၂၀၂၂ နွေရာသီတွင် ဘရိုက်တန်အသင်းမှ ချယ်လ်ဆီးအသင်းထံသို့ ပေါင် ၅၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
သို့သော် ၎င်းသည် နည်းပြ ပိုချက်တီနိုလက်ထက်တွင် ပွဲကစားခွင့်ရရန် ရုန်းကန်နေရပြီး ယခုရာသီတွင် ပွဲအနည်းငယ်သာ ပါဝင်ကစားခွင့်ရထားသည်။
ထို့ကြောင့် ချယ်လ်ဆီးအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကူကူရယ်လာကို ရောင်းထုတ်ရန် စီစဉ်နေပြီး ၎င်းအတွက် သင့်တော်သည့်ကမ်းလှမ်းမှုများရှိလာပါက လက်ခံစဉ်းစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ကူကူရယ်လာကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်နှင့် မန်ယူအသင်းတို့က စိတ်ဝင်စားနေကြောင်း သိရှိရသည်။