အင်တာမီလန်အသင်းမှ အာမေးနီးယားကွင်းလယ်ကစားသမား မစ်ခီတာရီယန်သည် ဆော်ဒီလိဂ်မှ ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ပြီး အင်တာမီလန်အသင်းနှင့် သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရသည်။
မစ်ခီတာရီယန်(၃၄ နှစ်)သည် လာမည့်နွေရာသီတွင် အင်တာမီလန်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဆော်ဒီလိဂ်မှ ကလပ်အသင်းများက ၎င်းင်းအား လက်ရှိလစာ၏ နှစ်ဆပေး၍ ကမ်းလှမ်းခဲ့သော်လည်း ၎င်းက လက်မခံခဲ့ခြင်းဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
မစ်ခီတာရီယန်က အင်တာမီလန်အသင်းနှင့် သက်တမ်းတိုးစာချုပ်ကို (၂)နှစ်ချုပ်ဆိုသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။