ရီးယဲလ်အသင်းသည် ပြင်သစ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ရန် နီးစပ်နေပြီ ဖြစ်ကြောင်း သိရသည်။
ကာမာဗင်ဂါ(၂၀ နှစ်)သည် ၂၀၂၁ ခုနှစ်တွင် ရန်းစ်အသင်းမှ ရီးယဲလ်သို့ ပြောင်းရွှေ့လာပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်သည်။
သို့သော် ကာမာဗင်ဂါအား ခေါ်ယူရန် စိတ်ဝင်စားသည့် အသင်းများစွာ ရှိလာသည့်အတွက် ရီးယဲလ်အသင်းက ၎င်းကို လစာနှုန်းထားအသစ်ဖြင့် သက်တမ်းတိုးစာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စာချုပ်သစ်တွင် တန်ဖိုးမြင့်လျော်ကြေးစာချုပ်လည်း ပါဝင်မည်ဟု သိရသည်။