စစ်ကိုင်းမြို့ Hello Mobile ဖုန်းဆိုင်နှင့် အဆောက်အအုံ ချိပ်ပိတ် ခံရ

စစ်ကိုင်းမြို့ Hello Mobile ဖုန်းဆိုင်နှင့် အဆောက်အအုံ ချိပ်ပိတ် ခံရ
Published 21 September 2023

စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စျေးလမ်းရှိ Hello Mobile ဖုန်းဆိုင် ဖွင့်လှစ်ထားသည့် အဆောက်အအုံကို စက်တင်ဘာ ၂၀ ရက် ညပိုင်းက ချိပ်ပိတ် ခံရကြောင်း သိရှိရသည် ။

Hello Mobile ဖုန်းဆိုင်ပိုင်ရှင်ဖြစ်သူကို စက်တင်ဘာ ၂၀ ရက် နံနက်အစောပိုင်းက အဆိုပါဖုန်းဆိုင် အတွင်း ဝင်ရောက် ဖမ်းဆီး ခဲ့ပြီးနောက် ၄င်းပိုင်ဆိုင်သည့် အဆောက်အအုံနှင့် ဆိုင်အား PDF အဖွဲ့များနှင့် ဆက်စပ်သည်ဟုဆိုကာ ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား အနောက်ဖက်ပိုင်းရှိ သလွန်ပြူ ကျေးရွာတွင် မိဘထံ အလည်ပြန်လာသည့် ရဲတပ်ဖွဲ့ဝင် လင်မယားနှစ်ဦး သတ်ခံရသည့် ဖြစ်စဉ်တစ်ခု ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါ မြို့အနောက်ဖက်ပိုင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း လုံခြုံရေး တပ်ဖွဲ့ ဝင်များက စစ်ဆေး ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး ယခု ဖမ်းဆီးခံရသည့် ဖုန်းဆိုင်ပိုင်ရှင်ဖြစ်သူသည် သလွန်ပြူကျေးရွာ ဇာတိသားတစ်ဦးဖြစ်ကြောင်း သိရှိရသည် ။

Most Read

Most Recent