UEC က အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီကို ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး  လေဘာပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ တို့ကို ပါတီတည်ထောင်ခွင့်ပြု

UEC က အမျိုးသားနိုင်ငံရေး အားမာန်သစ်ပါတီကို ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပြီး  လေဘာပါတီနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီညွတ်ရေးပါတီ တို့ကို ပါတီတည်ထောင်ခွင့်ပြု
Published 16 September 2023

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ဒီဇင်ဘာအိမ်ရာ၊ ချယ် ရီ(၁)လမ်း၊ အခန်းအမှတ် (၃၀၂)၊ တိုက် အ မှတ် (၁၁၉) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိ သော အမျိုးသား နိုင်ငံရေးအားမာန်သစ်ပါတီ ကို စက်တင်ဘာလ ၁၅ ရက် မှ စ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း  နှင့် ပါတီ ၏ မှတ်ပုံတင်အမှတ်မှာ (၃၇) ဖြစ် ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်သည်။

အလားတူ  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီတည်ထောင်ခွင့်လျှောက် ထားလာသည့် အဖွဲ့၁၄ ဖွဲ့ရှိပြီး ယင်းသို့ လျှောက်ထားသည့် အဖွဲ့များအနက် လေဘာပါတီ (Labour Party )နှင့်ပြည်ထောင် စုငြိမ်းချမ်းရေးနှင့်ညီ ညွတ်ရေးပါတီတို့သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်ညီညွတ်ကြောင်း စိစစ် တွေ့ရှိရသဖြင့် ကော်မရှင်က  စက်တင်ဘာ ၁၄ ရက် တွင် နိုင်ငံရေးပါတီတည် ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း နှင့် ပါတီတည်ထောင်ခွင့်ရရှိသော လေဘာ ပါတီနှင့်ပြည်ထောင်စုငြိမ်းချမ်းရေးနှင့်ညီ ညွတ်ရေးပါတီတို့သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါ တီများမှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ပေးရန် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီ များ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသည့် ပါတီ ၁၄ ပါတီရှိပြီး နိုင်ငံရေးပါတီ များမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့်မှတ်ပုံတင် ခွင့်လျှောက်ထားသည့် ပါတီ ၅၀ ပါတီ စုစု ပေါင်း ၆၄ ပါတီရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့ လာရောက်လျှောက်ထားသည့် ပါတီများထဲတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့်တိုင်း (သို့မ ဟုတ်) ပြည်နယ်တစ်ခုအတွင်း၌ သာ စည်းရုံး မည့်ပါတီ ၅၂ ပါတီဖြစ်ကြောင်းသိရသည်။

လက်ရှိအချိန်ထိ နိုင်ငံရေးပါတီများမှတ် ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ  လျှောက်ထား သည့်ပါတီ ၁၄ ပါတီအနက် ၁၀ ပါတီကို တည် ထောင်ခွင့်ပြုထားပြီး ပါတီမှတ်ပုံတင်လျှောက် ထားသည့်လုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိသည်။

လက်ရှိတွင် UEC မှ ပါတီမှတ်ပုံတင်ရ ရှိခဲ့သည့်ပါတီ ၃၇ ပါတီရှိပြီဖြစ်သည်။

နစကက အသစ်ပြဋ္ဌာန်းသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း ပါတီမှတ်ပုံတင် လျှောက်ထားခြင်းမရှိသည့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုလည်း နိုင်ငံ ရေးပါတီအဖြစ်မှ UEC က ဖျက်သိမ်းခဲ့သည်။

နစကက အသစ်ပြဋ္ဌာန်းသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၂၅ အရ သတ်မှတ်ကာလအတွင်း  ပါတီမှတ်ပုံတင် လျှောက်ထားခြင်း မရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ြူီ)ပါတီ၊ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (ြှူီ) ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုလည်း နိုင်ငံ ရေးပါတီအဖြစ်မှ က ဖျက်သိမ်းခဲ့သည်။

Most Read

Most Recent