ပြည်ပနိုင်ငံများ၏ သြဇာအောက်သို့ မသိမသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် နိုင်ငံ၏လွတ်လပ်ရေး ဆုံးရှုံးခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးတွင် သဟဇာတဖြစ်ရန် လိုအပ်သော်လည်း သြဇာခံဖြစ်၍မရကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်၌ နစကဥက္ကဋ္ဌ ပြောကြား

ပြည်ပနိုင်ငံများ၏ သြဇာအောက်သို့ မသိမသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် နိုင်ငံ၏လွတ်လပ်ရေး ဆုံးရှုံးခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးတွင် သဟဇာတဖြစ်ရန် လိုအပ်သော်လည်း သြဇာခံဖြစ်၍မရကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်၌ နစကဥက္ကဋ္ဌ ပြောကြား
Published 11 September 2023

ပြည်ပနိုင်ငံများ၏ သြဇာအောက်သို့ မသိမသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် နိုင်ငံ၏လွတ်လပ်ရေးဆုံးရှုံးခြင်းဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးတွင် သဟဇာတဖြစ်ရန် လိုအပ်သော်လည်း သြဇာခံဖြစ်၍မရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမ၌ တွေ့ဆုံစဉ် နစကဥက္ကဋ္ဌ ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက ယခုတွေ့ဆုံမှုသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်များကို ဆွေးနွေးနိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်မှုမှာ နှစ်နှစ်ကျော်ကာလသို့ ရောက်ရှိပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လူပုဂ္ဂိုလ်ဦးစားပေး၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံအတွက် မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ပေါ်ခဲ့ကြောင်း၊ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်းတွင် နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် စီးပွားရေးဆိုင်ရာများတွင် ပြည်ပနိုင်ငံများ၏ အကြံဉာဏ်များကို ခံယူ၍ ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ပြည်ပနိုင်ငံများ၏ သြဇာအောက်သို့ မသိမသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် မိမိတို့နိုင်ငံ၏လွတ်လပ်ရေးကို ဆုံးရှုံးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေး နှင့်ပတ်သက်၍ သဟဇာတဖြစ်နေရန် လိုအပ်သော်လည်း သြဇာခံဖြစ်၍မရကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုကာနိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းလျက်ရှိကြောင်း၊ အိမ်နီးနားချင်းနိုင်ငံများနှင့်လည်း သဟဇာတဖြစ်သည့် ဆက်ဆံမှုရှိရန်လိုပြီး ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ ဥပဒေများကို လေးစားရန်လိုသကဲ့သို့ မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေကို လိုက်နာရန်နှင့် တန်ဖိုးထားရန်လိုကြောင်း ပြောကြားသည်။   

ထို့ပြင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားရခြင်းကို ကြည့်မည်ဆိုပါက နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ တိုင်းရင်းသားရေးအရ သဘောထားကွဲလွဲမှုများ၊ ဘာသာရေးအရ သဘောထားကွဲလွဲမှုများ စသည်တို့ ကြောင့်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ကိုတွေ့ရကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နိုင်ငံရေးအယူဝါဒများနှင့် ပတ်သက်ပြီး ခေတ်အဆက်ဆက် သဘောထားကွဲလွဲမှုများရှိခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် နိုင်ငံရေးအယူဝါဒနှင့် ပတ်သက်၍ ဖြေလျှော့လာခဲ့ကြောင်း၊ တိုင်းရင်းသားရေးအရ ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခများသည် နယ်ချဲ့များထားရှိခဲ့သည့် ဆိုးမွေတစ်ခုဟု ပြောနိုင်ကြောင်း၊ တိုင်းရင်းသားရေးနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေ ခံဥပဒေတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့နှင့်ပတ်သက်၍ ခွဲဝေပေးထားပြီးဖြစ်သဖြင့် တိုင်းရင်းသားရေးနှင့်ပတ်သက်၍ခွဲခြားမှု မရှိသည်ကို တွေ့မြင်နိုင်ကြောင်း၊ ဘာသာရေးနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)တွင်လည်း အတိအကျပြဋ္ဌာန်းထားရှိပြီးဖြစ်သဖြင့် ဘာသာရေးကို အကြောင်းပြ၍ သဘောထားကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာဖြင့် ဒီမိုကရေစီနှင့် လွှတ်တော်လမ်းကြောင်းပေါ်သို့ အားလုံးပါဝင်ရောက်ရှိလာရန်နှင့် မိမိတို့၏ လိုလားချက်များနှင့် အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တင်ပြတောင်းဆိုရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ဒီမိုကရေစီစနစ်နှင့် ဖက်ဒရယ်အုပ်ချုပ်ရေးဆောင်ရွက်ရာတွင် ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်တွင် တိုင်းရင်းသားကို အခြေခံသည့်ဖက်ဒရယ်နှင့်ဒေသကို အခြေခံသည့် ဖက်ဒရယ်ဟူ၍ရှိပြီး ကမ္ဘာ့နိုင်ငံအများစုတွင် ဒေသကိုအခြေခံသည့်ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်သည်သာလျှင်  အသင့်တော်ဆုံးဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏အရေးကိုသာ တောင်းဆိုလျက်ရှိပြီး ဒေသအရေးကို တောင်းဆိုမှုအားနည်းကြောင်း၊ လူတစ်စုကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်၍မရဘဲ ဒေသကို ကိုယ်စားပြုသည့် အဖွဲ့အစည်းများဖြစ်ရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်တွင်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအနေဖြင့်  မိမိတို့နယ်မြေ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လာနိုင်ရေး ၀ိုင်းဝန်းတိုက်တွန်းဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

Most Read

Most Recent