လှိုင်သာယာမြို့နယ်(အနောက်ပိုင်း) ၁၈ ရပ်ကွက်တွင် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးလောင်ပြိုင် လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ်(အနောက်ပိုင်း) ၁၈ ရပ်ကွက်တွင် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် သုံးလောင်ပြိုင် လူသတ်မှု ကျူးလွန်သူကို ဖမ်းဆီးရမိ
Published 10 September 2023

ရန်ကုန်တိုင်းဒေသကြီးလှိုင်သာယာမြို့နယ်(အနောက်ပိုင်း) ၁၈ ရပ်ကွက်၊အနန္တသူရိယလမ်းတွင် ဖြစ်ပွားခဲ့ သည့် အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် သုံးလောင်ပြိုင် လူသတ်မှုမှ ကျူးလွန်သူကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း စက်တင်ဘာ ၁၀ ရက်တွင် စုံစမ်းသိရှိရသည်။

 လူသတ်မှုကျူးလွန်သူမှာ ရဲကိုနိုင် ဆိုသူဖြစ်ပြီး ၎င်းကို ငွေကြေးချေးငှားခြင်း မရှိသဖြင့် လူသတ်မှုကျူးလွန်ခဲ့ပြီး ရွှေထည် ပစ္စည်းများနှင့် ငွေများလုယက်ယူ ဆောင်သွား ခြင်းဖြစ်ကြောင်း ကနဦးသိရသည်။

 အသတ်ခံရသည့် ဦးဌေးလွင်တို့သည် ငွေကြေးချေးငှားသူများဖြစ်ပြီး ကျူးလွန်သူ ရဲကိုနိုင်သည် ယခင်ကလည်း ငွေကြေးချေးငှားမှုရှိကြောင်း အခင်းဖြစ်နေ့တွင် ရဲကိုနိုင်သည် ငွေကျပ် နှစ်သိန်းချေးငှားရန် ရောက်ရှိလာ ကြောင်း၊ သို့သော် ငွေကြေးချေးငှားခြင်းမရှိ သဖြင့် ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။

 စက်တင်ဘာ ၄ ရက်၊ မွန်းလွဲပိုင်းက ၁၈ ရပ်ကွက်၊ အနန္တသူရိယလမ်းရှိ နေအိမ်တစ်ခု အတွင်း  ဦးဌေးလွင် (၅၉)နှင့် ဇနီးဖြစ်သူ ဒေါ်စုလှိုင်ဝင်း(၅၂) ၊ အသက် ၉ နှစ်အရွယ် မောင်ဖြိုးမြတ်ကိုကိုတို့သည် ဓားဒဏ်ရာ များဖြင့် အသတ်ခံရမှုဖြစ်ပွားခဲ့သည်။

 ဦးဌေးလွင်မှာ နေအိမ် အောက်ထပ်တွင် ရင်ညွှန့်ထိုးသွင်းဒဏ်ရာတစ် ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာနံစောင်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက်ရရှိ၍လည်းကောင်း၊ ဇနီးဖြစ်သူ ဒေါ်စုလှိုင် ဝင်းမှာ နေအိမ်အပေါ်ထပ်အခန်းထဲတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ နှစ်ချက်၊ ရင်ညွှန့်ထိုး သွင်းဒဏ်ရာတစ်ချက်ရရှိ၍ လည်းကောင်း ၊ သားဖြစ်သူ မောင်ဖြိုးမြတ်ကိုကို မှာ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ ပခုံး ပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်ရရှိ၍လည်းကောင်း သေဆုံး ခဲ့ကြောင်း သိရသည်။

 ဖမ်းဆီးရမိသည့် ကျူးလွန်သူ ရဲကိုနိုင်ကို လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေခံ ရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီးထားပြီး တရားစွဲ ဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသိရ သည်။

Most Read

Most Recent